AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်ကစားသမား ဖယ်လိုင်နီရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘီဆစ်ခ်တက်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ဆန်းဒေးမေရာသတင်းဌာနက အတည်ပြုခဲ့ပါတယ်။ ဖယ်လိုင်နီဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ရောင်းချမယ်လို့ သိရပါတယ်။

play

 

နည်းပြမော်ရင်ဟိုဟာ ကစားသမားအသစ်တွေ မဝယ်ယူနိုင်သေးမီမှာ အသင်းအတွက် မလိုအပ်တဲ့ကစားသမားတွေကို ဖြုတ်ပစ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Postby

 

လာမယ့်ဇန်နဝါရီလမှာ ဖယ်လိုင်နီကို ပေါင် ၈ သန်းနဲ့ ရောင်းချဖို့ မန်ချက်စတာယူနိုက်တက်အသင်းက အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖယ်လိုင်နီရဲ့နေရာမှာ အစားထိုးဖို့အတွက် ရှက်တာဒိုးနတ်အသင်းရဲ့ကွင်းလယ်ကစားသမား ဖရက်ဒ်ကို ပစ်မှတ်ထားနေပြီး ဖရက်ဒ်ကို လိုချင်နေတဲ့ ဥရောပထိပ်သီးအသင်းတွေနဲ့ ယှဉ်ပြိုင်ခေါ်ယူသွားရဖွယ်ရှိနေတာဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘယ်နောက်ခံလူ လုခ်ရှောကိုလည်း အရောင်းစာရင်းထဲမှာ ထည့်သွင်းထားပြီး ပေါင်သန်း ၂၀ ရရင် ရောင်းချသွားမယ်လို့ သိရပါတယ်။

 

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD