AD
AD
AD
play

 

အာဆင်နယ်အသင်းရဲ့နည်းပြ အာဆင်ဝင်းဂါးဟာ လာမယ့်ဇန်နဝါရီလမှာ လက်လွှတ်ဆုံးရှုံးရတော့မယ့် အလက်ဆစ်ဆန်းချက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့တောင်ပံကစားသမား ဇာဟာကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

play

 

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇာဟာဟာ ယခုရာသီမှာ ဒူးဒဏ်ရာကြောင့် ခရစ်စတယ်ပဲလေ့စ်အသင်းအတွက် ၅ ပွဲသာ ပါဝင်ကစားပေးထားပြီး ၂ ဂိုး သွင်းယူပေးထားပါတယ်။ ချယ်ဆီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဇာဟာရဲ့ခြေစွမ်းကို ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးတွေ သတိထားမိခဲ့တာဖြစ်ပါတယ်။

play

 

The Sun သတင်းဌာနက အာဆင်ဝင်းဂါးအနေနဲ့ ဆန်းချက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဇာဟာကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့သတင်းကို အတည်ပြုပေးခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ ဆန်းချက်ဇ်မရှိတော့တဲ့နောက်ပိုင်း ကစားပုံ မပျက်သွားအောင် ကြိုးစားနေပြီး လာမယ့်ဇန်နဝါရီလမှာ မန်ချက်စတာစီးတီးအသင်းနဲ့ အပြောင်းအရွှေ့သဘောတူညီမှုရရှိခဲ့ရင် ဆန်းချက်ဇ်ကို ရောင်းချရမှာဖြစ်ပါတယ်။

Postby

 

မန်ချက်စတာစီးတီး အသင်းအနေနဲ့ ယခုလာမယ့် ဇန်နဝါရီလမှာ ဆန်းချက်ဇ်ကို မခေါ်ယူနိုင်ခဲ့ရင်တောင် လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တဲ့အခွင့်အရေး ရှိနေတာဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ရာသီက ဇာဟာအနေနဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းအတွက် ၃၅ ပွဲပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

 

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD