ဂိုးမိုးခေါင်နေမှုကို အဆုံးသတ်ခဲ့ပြီးနောက် မိမိမှာ ဂိုးများသွင်းယူရန် မွေးဖွားလာသူ ဖြစ်တယ်လို့ တိုက်စစ်မှူး လူကာကူက ပြောဆိုလိုက်ပါတယ်။

ဘယ်လ်ဂျီယံနဲ့ မက္ကဆီကိုအသင်း တစ်ဖက်သုံးဂိုးစီ သရေကျခဲ့တဲ့ ခြေစမ်းပွဲစဉ်အပြီး မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးလည်းဖြစ်တဲ့ လူကာကူက ဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာတဲ့ လူကာကူက အသင်းနဲ့ ရာသီအစမှာ ဂိုးတွေဆက်တိုက်သွင်းယူနိုင်ခဲ့သူပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်လအတွင်းမှာတော့ လူကာကူဟာ ဂိုးပေါက်ပျောက်ဆုံးသူ ဖြစ်နေခဲ့ပါတယ်။

play

 

မန်ယူအသင်းနဲ့အတူ ၇ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီးနောက်ပိုင်း အခု ဘယ်လ်ဂျီယံအတွက် ကစားပေးတဲ့ပွဲမှာ ဂိုးပြန်သွင်းနိုင်ခဲ့တာဟာ အသက်ရှုချောင်သွားသလို ခံစားရတယ်လို့ လူကာကူက ပြောပါတယ်။ လူကာကူက ဒီပွဲမှာ အသင်းအတွက် နှစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

“ စိတ်သက်သာရာတော့ ရသွားတာပေါ့ဗျာ။ ဒါပေမယ့် မကြာခင် ဂိုးသွင်းနိုင်တော့မယ်ဆိုတာ သိနေပါတယ်။ ကျွန်တော်က ဂိုးတွေသွင်းဖို့ မွေးလာတဲ့သူလေ။ ကျွန်တော့်ခေတ်မှာတော့ ကျွန်တော်အခု ဂိုးတွေသွင်းနေသလို ဂိုးသွင်းနိုင်သူ သိပ်များများ မရှိပါဘူး။ ဂိုးဧရိယာထဲမှာတော့ ကျွန်တော်က ကျားသစ်တစ်ကောင်လိုပဲ လှုပ်ရှားနိုင်တယ်” လို့ တိုက်စစ်မှူး လူကာကူက Sky Sports သတင်းဌာနက ကိုပြောကြားခဲ့တာဖြစ်ပါတယ်။

play

 

မန်ယူအသင်းကွင်းလယ် ကစားသမား ပေါ့ဂ်ဘာဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ အချိန်နဲ့ တိုက်ဆိုင်စွာပဲ အဲဒီအချိန်ကစလို့ လူကာကူဟာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ “ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း မန်ယူအသင်းရဲ့ ခြေစွမ်းဟာ ရာသီအစတုန်းကလို မဟုတ်တော့ပါဘူး။ အဲဒါကျွန်တော့်အတွက်လည်း ကစားရခက်စေပါတယ်။ အခုတော့ ကစားသမားတွေလည်း ဒဏ်ရာက ပြန်သက်သာလာကြပြီဆိုတော့ ရာသီအစတုန်းကထက်ပိုကောင်းတဲ့ ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး လူကာကူက ပြောခဲ့ပါတယ်။

Postby

 

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video