AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ဘရာဇီးဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကလေးဘဝကတည်းက လေးစားအားကျရတဲ့ကစားသမားဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ဟက်ထရစ်သွင်းယူခဲ့တဲ့ပွဲစဉ်ကို ကြည့်ရှုခဲ့ချိန်က ရက်ရှ်ဖို့ဒ်အနေနဲ့ အသက် ၅ နှစ်သာ ရှိသေးပေမယ့် အဲဒီပွဲစဉ်ကို မှတ်မိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်မှာ နှစ်ကျော့ပေါင်း ၆ ဂိုး ၅ ဂိုးနဲ့ ရီးရဲမက်ဒရစ်အသင်းက အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

play

"ကျွန်တော် ယူကျူ့မှာရှိတဲ့ ဗီဒီယိုတွေအကုန် ပြန်ကြည့်မိတယ်။ ကျွန်တော် ပထမဆုံးကြည့်ခဲ့ဖူးတဲ့ ပွဲစဉ်ဖြစ်တဲ့ မန်ယူနဲ့ ရီးရဲလ်တို့ရဲ့ပွဲစဉ်မှာ ရော်နယ်ဒိုက အိုးထရက်ဖို့ဒ်မှာ ဟက်ထရစ်သွင်းယူသွားခဲ့တယ်။ အဲဒါက ၂၀၀၃ ခုနှစ်တုန်းကပေါ့။ အဲဒီတုန်းက ကျွန်တော် အရမ်းငယ်ပါသေးတယ်။ သူက ကျွန်တော့်အစ်ကိုရဲ့ အနှစ်သက်ဆုံး ကစားသမားလည်း ဖြစ်ပါတယ်"

"သူကစားတဲ့ပုံစံက လွတ်လွတ်လပ်လပ်ရှိတယ်။ သူဘယ်မှာကစားနေရတာဖြစ်ဖြစ် လွတ်လွတ်လပ်လပ်ကစားတယ်။ အဲဒီလိုသာ ခင်ဗျားလုပ်နိုင်ရင် ခင်ဗျားဘောလုံးကို အကောင်းဆုံးကစားနိုင်တာပဲ"လို့ ပြောကြားခဲ့ပါတယ်။

Postby

 

ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး ရော်နယ်ဒိုက" သူက အရမ်းကိုတော်တဲ့ လူငယ်ကစားသမားလေးပါ။ သူ့ကိုကြည့်ရတာ ကျွန်တော့်ငယ်ဘဝကို ပြန်မြင်နေရသလိုပါပဲ။ သူက သတ္တိအပြည့်ရှိပြီး လျင်မြန်ဖျတ်လတ်တယ်။ ဘောလုံးနဲ့အတူ ရှိနေတဲ့အချိန်မှာ အရမ်းကို ကောင်းကောင်းမွန်မွန် ကစားနိုင်ပါတယ်"လို့ ချီးကျူးခဲ့ပါတယ်။

 

Source & Photos: Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD