AD
AD
AD
play

 

ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီဟာ ပြင်သစ်လီဂူးဝမ်းအသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကို နည်းပြဖို့ စိတ်ဝင်စားနေကြောင်း ကွန်တီရဲ့အေးဂျင့်က ပီအက်စ်ဂျီအသင်းကို သတင်းပေးပို့ခဲ့ကြောင်း သိရပါတယ်။

play

 

ကွန်တီဟာ ချယ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ရာသီမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ယခုရာသီမှာ ရလဒ်တွေ ကောင်းမွန်မှုမရှိတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွန်တီဟာ ယခုနှစ်နွေရာသီတုန်းက ချယ်ဆီးအသင်းကနေ မထွက်ခွာခဲ့မိတာ နောင်တရနေတယ်လို့ သိရပါတယ်။

play

 

စပိန်ကရရှိတဲ့သတင်းတွေအရ အေဘရာမိုဗစ်ခ်ျဟာ ကွန်တီကို ထုတ်ပယ်ပစ်ဖို့ ဆုံးဖြတ်ချက်ချပြီးပြီလို့ သိရပြီး ကွန်တီရဲ့နေရာမှာ အစားထိုးဖို့အတွက် နည်းပြသစ်ရှာဖွေနေတယ်လို့ သိရပါတယ်။

play

 

ပီအက်စ်ဂျီအသင်းရဲ့နည်းပြ အူမရီဟာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပြီး Yahoo Sport အားကစားသတင်းဌာနက အူမရီကို ပီအက်စ်ဂျီအသင်းအနေနဲ့ ဇန်နဝါရီလမတိုင်မီမှာ ထုတ်ပယ်တော့မှာဖြစ်တဲ့အတွက် အမြန်ဆုံးထွက်ခွာသွားဖို့ အကြံပြုခဲ့ပါတယ်။

Postby

 

ပီအက်စ်ဂျီအသင်းရဲ့အားကစားဒါရိုက်တာ အန်တယ်ရိုဟန်းနရစ်ဟာ အူမရီရဲ့နေရာမှာ အစားထိုးဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြမော်ရင်ဟိုကို ပိုမိုသဘောကျပေမယ့် ကွန်တီရဲ့အေးဂျင့်ဟာ ပီအက်စ်ဂျီအသင်းပိုင်ရှင်နဲ့ ပိုမိုရင်းနှီးတဲ့အတွက် ကွန်တီကို ပီအက်စ်ဂျီအသင်းရဲ့နည်းပြအဖြစ် မြင်တွေ့ရဖို့ ပိုများတယ်လို့ သိရပါတယ်။

 

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD