AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး လူကာကူဟာ မန်ချက်စတာစီးတီးအသင်းအနေနဲ့ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ် ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး မန်ယူအသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာမှာကို ကြောက်ရွံ့နေသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက ၄၆ ပွဲပါဝင်ကစားပေးခဲ့ပြီး ၃၆ ဂိုး သွင်းယူပေးခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်အနေနဲ့ လာမယ့်ဇန်နဝါရီလမတိုင်မီ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖို့ မျှော်လင့်နေပြီး ဒီဇင်ဘာလ ၅ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် CSKA Moscow အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

play

 

မကြာခင်မှာ အသင်းရဲ့လူစာရင်းမှာ ပြန်လည်ပါဝင်တော့မယ့် အီဘရာဟီမိုဗစ်နဲ့ပတ်သက်ပြီး လူကာကူက Sky Sport နဲ့ အင်တာဗျူးမှာ "အဲဒါက ကျွန်တော့်ကို အမြဲတမ်းစိတ်ဓာတ်ခွန်အား ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အသင်းရဲ့လူစာရင်းမှာ ထည့်သွင်းရမယ့် ကောင်းမွန်တဲ့ကစားသမားတစ်ယောက်မို့လို့ပါ"

"ကျွန်တော်တို့လို အသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အချိန်ကျရင် ပြိုင်ဘက်အသင်းအတွက် အရမ်းကို ခက်ခဲမှာပါ။ အီဘရာဟီမိုဗစ် ပြန်လာပြီး မန်ချက်စတာစီးတီးအသင်းကို အမီလိုက်ဖို့ ကူညီပေးမယ်လို့ ယုံကြည်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Postby

 

ပြီးခဲ့တဲ့ ၇ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတဲ့အပေါ် ဝေဖန်မှုတွေခံနေရတဲ့ တိုက်စစ်မှူး လူကာကူက အခုလိုပဲ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

"ကျွန်တော် လက်မှတ်ထိုးပေးတဲ့ လူတိုင်းက ကျွန်တော့်ကို အဲဒီကိစ္စနဲ့ပတ်သက်ပြီး မေးခွန်းတွေ မေးကြတယ်။ အဲဒီတော့ ကျွန်တော်အနေနဲ့ လူအချို့ကိုစပြီး အံ့သြစရာပဲလို့ စပြီး စဉ်းစားမိလာပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

 

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD