EPL: ပန်ကရိယကင်ဆာခံစားနေရတဲ့ မန်ယူကစားသမားဟောင်း လီယန်မေလာ

လက်ရှိအချိန်မှာ ဆေးကုသမှုခံယူနေတာ ဖြစ်ပါတယ်။

play

 

ဆဲလ်တစ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်း အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယန်မေလာဟာ ပန်ကရိယ ကင်ဆာဝေဒနာကို ခံစားနေရကြောင်း သိရပါတယ်။ အိုင်ယာလန်လက်ရွေးစင်အသင်းအတွက် ၂၁ ပွဲပါဝင်ကစားပေးခဲ့တဲ့ လက်ရွေးစင်ကစားသမားဟောင်း မေလာဟာ ယခုအချိန်မှာ အမေရိကန်နိုင်ငံမှာ ဆေးကုသမှုနေတာဖြစ်ပါတယ်။

play

 

လီယန်မေလာနဲ့ပတ်သက်ပြီး ဆဲလ်တစ်အသင်းက တွစ်တာပေါ်မှာ "ဆဲလ်တစ်အသင်းမှာရှိတဲ့ လူတွေအားလုံးရဲ့အတွေးထဲမှာ လီယန်မေလာ သူ့မိသားစုနဲ့အတူ အမြဲရှိနေနိုင်ပါစေလို့ ဆုတောင်းစကားတွေပါ"လို့ ရေးသားခဲ့ပါတယ်။

Postby

 

မန်ချက်စတာယူနိုက်တက်အသင်းကလည်း "မန်ချက်စတာယူနိုက်တက်မှာရှိတဲ့ လူတိုင်းက လီယန်မေလာရဲ့အခက်ခဲဆုံးအချိန်တွေမှာ သူ နှစ်သက်မယ့်အရာတစ်ခုခုကို လုပ်ပေးချင်ပါတယ်"လို့ ရေးသားခဲ့ပါတယ်။

play

 

အိုင်ယာလန်လက်ရွေးစင်အသင်းရဲ့နည်းပြ မာတင်အိုနေးလ်ကလည်း လီယန်မေလာနဲ့ပတ်သက်ပြီး အမှတ်တရအားပေးစကား ပြောကြားခဲ့ပါတယ်။

"ကျွန်တော်သူ့ကို ဆဲလ်တစ်အသင်းမှာတုန်းက ပွဲဦးထွက် ကစားစေခဲ့ပါတယ်။ ချန်ပီယံလိဂ်ပွဲစဉ်တစ်ခုမှာ အံ့အားသင့်ရလောက်အောင် သူ ခြေစွမ်းပြသခဲ့ပြီး သူက ထူးချွန်တဲ့ကစားသမားဆိုတာကို ပြသခဲ့ပါတယ်။ အခု သူ့သတင်းကို ကြားရတာ စိတ်မကောင်းဖြစ်မိပါတယ်။ သူ့အနေနဲ့ ဘယ်လောက်တောင် ခံစားနေရမလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ သူနဲ့ သူ့မိသားစု ဘယ်လိုတွေတောင် ဖြစ်နေမလဲ။ သူ့မှာ ကလေး ၃ ယောက်ရှိတယ်လို့ သိရပါတယ်။ သူက ငယ်ရွယ်သေးတဲ့ လူတစ်ယောက်ပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

လီယန်မေလာဟာ ၂၀၀၀ ပြည့်နှစ်မှာ ဆဲလ်တစ်အသင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၀၄ ခုနှစ် စတော့တလန်လိဂ် ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ရောက်ရှိခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၂၂ ပွဲပါဝင်ကစားပေးခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ဆန်းဒါးလန်းအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

 

Source & Photos: Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ