AD
AD
AD
play

 

လီဗာပူးအသင်းရဲ့နည်းပြ ယာဂန်ကလော့ပ်ဟာ ကျန်းမာရေး ဆေးစစ်မှုတွေ ပြုလုပ်နေတဲ့အတွက် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့လေ့ကျင့်ရေးကို မလာရောက်နိုင်ခဲ့ကြောင်း လီဗာပူးအသင်းက အတည်ပြုပေးခဲ့ပါတယ်။ နည်းပြယာဂန်ကလော့ပ်ဟာ နေထိုင်မကောင်းဖြစ်နေတာကြောင့် ကျန်းမာရေး ဆေးစစ်မှုတွေ အများအပြား ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

play

 

အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ ယာဂန်ကလော့ပ်ဟာ နိုင်ငံတကာပွဲစဉ်တွေကြောင့် အားလပ်ရက်ရရှိနေတဲ့အချိန်မှာ တောင်အာဖရိကကို ရန်ပုံငွေပွဲစဉ်အတွက် ခရီးထွက်ခဲ့ပြီး အင်္ဂလန်ကို ပြန်လာချိန်မှာ ခရီးပန်းပြီး နေထိုင်မကောင်းဖြစ်ခဲ့တာလို့ သိရပါတယ်။ လာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်မှာဖြစ်ပြီး ဆောင်းရာသီမှာ ပွဲစဉ်တွေ ဆက်တိုက်ဆိုသလို ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အနားယူခဲ့တာ ဖြစ်ပါတယ်။

play

 

လီဗာပူးအသင်းကတော့ ယာဂန်ကလော့ပ် ဆေးရုံတက်ရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့လို့ မှတ်ချက်ပေးခဲ့ပြီး အခုလိုအချိန်မှာ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကို လေးစားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

"ယာဂန်ကလော့ပ်ဟာ ယနေ့မှာ ဆေးရုံတက်ဖို့အတွက် စီစဉ်ထားပါတယ်။ နေထိုင်မကောင်းဖြစ်နေတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ပါ"လို့ လီဗာပူးအသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

"ဆရာဝန်တွေရဲ့ စစ်ဆေးကုသမှုကို ခံယူနေရတဲ့အတွက် ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်မယ့် လေ့ကျင့်ရေးကို လာရောက်နိုင်မှာမဟုတ်ပါဘူး။ ယာဂန်ကလော့ပ်အနေနဲ့ ဆေးရုံမှာ နေဖို့ အစီအစဉ်မရှိဘဲ ညနေမှာပဲ သူ့အိမ်ကို ပြန်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် လာမယ့်ရက်တွေမှာလည်း ဆေးစစ်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်"

"အသင်းအနေနဲ့ ဆေးရုံတက်နေရတဲ့အချိန်မျိုးမှာ ယာဂန်ကလော့ပ်ရယ်၊ သူ့မိသားစုတွေနဲ့ အခြား လူနာတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လေးစားကြဖို့ တောင်းဆိုချင်ပါတယ်"လို့ ရေးသားထားပါတယ်။

Source & Photos: 90 min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD