မန်ယူအသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ မာရွန်နီ ဖယ်လိုင်နီနဲ့ စာချုပ်သက်တမ်းတိုးနိုင်ရေး သဘောတူညီမှု မရသေးလို့ ရာသီကုန်မှာ အလွတ်ပြေင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

play

 

ဖယ်လိုင်နီအနေနဲ့ မန်ယူအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့် ဇွန် ၃၀ မှာ သက်တမ်းပြည့်မှာ ဖြစ်ပြီး လက်ရှိမှာ မန်ယူအသင်းရဲ့ စာချုပ်သစ်အတွက် ကမ်းလှမ်းမှုကို ပယ်ချထားခဲ့တယ်လို့ သိရပါတယ်။

 

ဒါပေမယ့်လည်း မန်ယူအသင်းအနေနဲ့ လာမယ့် ဇန်န၀ါရီမှာ စာချုပ်သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်ထားနေတယ်လို့လည်း သိရပါတယ်။

ဖယ်လိုင်နီအနေနဲ့ မန်ယူအသင်းကို ၂၀၁၃ ခုနှစ် သြဂုတ်လ မှာ ပေါင် ၂၇ သန်းနဲ့ ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ နွေရာသီမှာ ဂါလာတာစာရေးအသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတယ်လို့လည်း မန်ယူနည်းပြ မော်ရင်ဟိုက ထုတ်ပြောခဲ့ပါတယ်။

ယခုနှစ်ရာသီမှာ ဒဏ်ရာကြောင့် မန်ယူအသင်းရဲ့ ပွဲစဉ်အများစုကိုလွဲချော်ထားရပေမယ့်လည်း သွင်းဂိုး ၄ ဂိုးရယူပေးထားနိုင်ပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video