AD
AD
AD
play

 

လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိနေတဲ့ ပေါ့ဂ်ဘာနဲ့ အီဘရာဟီမိုဗစ်တို့ ပြန်လည်ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ယခုရာသီမှာ အသင်းရဲ့အဓိက ကစားသမားအချို့ ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရတာကြောင့် အဓိကပြိုင်ဘက်တွေနဲ့ တွေ့ဆုံရာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒါပေမယ့် လာမယ့်တနင်္ဂနွေနေ့မှာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ပေါ့ဂ်ဘာနဲ့ အီဘရာဟီမိုဗစ်တို့ နှစ်ဦးစလုံး ပြန်လည်ပါဝင်လာတော့မယ်လို့ သိရပါတယ်။

Postby

 

ဒဏ်ရာကနေ ပြန်လည်သက်သာလာပေမယ့် ပွဲချိန်ပြည့်အသုံးပြုသွားဖွယ်မရှိသေးဘဲ အရန်ကစားသမားစာရင်းမှာ ထည့်သွင်းထားပြီးပြီလို့ The Sun သတင်းဌာနရဲ့ရေးသားချက်အရ သိရပါတယ်။ ပေါ့ဂ်ဘာနဲ့ အီဘရာဟီမိုဗစ်တို့ဟာ နိုင်ငံတကာပွဲစဉ်တွေကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ နားထားချိန်မှာအသင်းနဲ့အတူ လေ့ကျင့်ရေးပုံမှန် ဆင်းခဲ့ကြပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဆောင်းရာသီပွဲကြပ်ကာလတွေကို ရင်ဆိုင်ရဦးမှာဖြစ်တဲ့အတွက် နယူးကာဆယ်နဲ့ပွဲစဉ်မှာ အစမ်းသဘောမျိုးလောက်သာ ထည့်သွင်းကစားစေဖို့ ရှိနေပြီး ဒီဇင်ဘာလထဲမှာ ယှဉ်ပြိုင်ကစားရမယ့် အာဆင်နယ်အသင်း၊ မန်ချက်စတာစီးတီးအသင်းတို့နဲ့ပွဲစဉ်မှသာ ပွဲချိန်ပြည့်အသုံးပြုသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

play

 

အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ် ပြန်လည်ကြံ့ခိုင်လာခြင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အချိန်ကိုက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ တိုက်စစ်မှူးလူကာကူ ၇ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေခဲ့ပြီး တိုက်စစ်အားနည်းနေချိန်မှာ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ရဲ့ သွင်းဂိုးတွေဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အသက်ကယ်ဆေးဖြစ်လာနိုင်ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD