AD
AD
AD

ပေါင်ခြံဒဏ်ရာကြောင့် လာမယ့်စနေနေ့မှာ ကစားမယ့် မြောက်လန်ဒါဘီပွဲစဉ်မှာ အာဆင်နယ် တိုက်စစ်မှူး ဂီရော့ဒ် လွဲချော်တော့မှာ ဖြစ်ပါတယ်။

play

 

ပြင်သစ်အသင်းနဲ့ ဝေးလ်အသင်းတို့ ကစားခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ အဆိုပါ ဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပြီး မြောက်လန်ဒန်ဒါဘီပွဲအမီ ပြန်လည်ကောင်းမွန်ဖို့ မဖြစ်နိုင်တော့တာကြောင့် ယခုလို လွဲချော်တော့မှာ လို့ သိရပါတယ်။

play

 

"လက်ရှိမှာတော့ ဒဏ်ရာကနေ ပြန်လည်နိုးထလာနေပါပြီ။ဒါပေမယ့်လည်း စပါးနဲ့ပွဲကိုတော့ အဆင်သင့်ဖြစ်နေမယ်လို့ မထင်ပါဘူး။" လို့ အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။

 

ဂီရော့ဒ်အနေနဲ့ ပြင်သစ်အသင်းနဲ့အတူ နိုင်ငံတကာခြေစမ်းပွဲကစားခဲ့တာ ဖြစ်ပြီး ဝေးလ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ ဂီရော့ဒ်ကို လက်လွှတ်ဖို့ များနေပေမယ့်လည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ နောက်ခံလူ မူစတာဖီနဲ့ ၀ဲလ်ဘတ်တို့ ပြန်လည်ကစားလာနိုင်ဖို့ရှိနေတာလည်း ဖြစ်ပါတယ်။

စပါးအသင်းအနေနဲ့ကတော့ အဓိက ကစားသမားတွေဖြစ်တဲ့ ကိန်း၊အလီနဲ့ ၀င်းခ်တို့ အားလုံး နိုင်ငံအသင်းမှာ အနားပေးခြင်း ခံခဲ့ရတာကြောင့် အာဆင်နယ်အသင်းနဲ့ပွဲအတွက် အနားရထားတာလည်း ဖြစ်ပါတယ်။

Postby

Source- The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD