AD
AD
AD
play

 

အာဆင်နယ်အသင်းရဲ့နည်းပြ အာစင်ဝင်းဂါးဟာ လာမယ့်စနေနေ့မှာ မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားရမယ့် တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအနေနဲ့ အနိုင်ယူနိုင်တဲ့ အရည်အချင်းရှိတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Postby

 

အာဆင်နယ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ၄ မှတ်အကွာ အဆင့် ၆ မှာ ရပ်တည်နေပြီး စပါးအသင်းကတော့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

"တော့တင်ဟမ်ဟော့စပါးအသင်းဟာ အရမ်းကောင်းမွန်တဲ့ ပြိုင်ဘက်အသင်းပါ။ ဒါပေမယ့် သူတို့ကို အနိုင်ယူနိုင်တဲ့ အရည်အချင်း ကျွန်တော်တို့ အသင်းမှာရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒါကို ပြသချင်ပါတယ်"

"ပြိုင်ဘက်ကို အနိုင်ယူဖို့ စိတ်ဆန္ဒကတော့ အမြဲတမ်းရှိပါတယ်။ အဲဒါက ဂုဏ်ယူစရာပဲလေ"

"ခင်ဗျားအနေနဲ့ ကစားပွဲအပေါ်မှာ အာရုံစူးစိုက်နိုင်ဖို့အတွက် လုံလောက်တဲ့ ငြိမ်သက်မှုရှိရမယ်။ ပြီးရင် ကတိကဝတ်ပေးနိုင်ဖို့ လိုလိမ့်မယ်"

"စပါးအသင်းနဲ့ပွဲစဉ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုဖြစ်ပေမယ့် ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် အနိုင်ရရှိချင်ပါတယ်"

"အိမ်ကွင်းမှာဆိုရင်တော့ ကျွန်တော်တို့အသင်းဟာအရမ်းကို တောင့်တင်းတဲ့အသင်းပါ။ ကျွန်တော်တို့ရဲ့အိမ်ကွင်းတောင့်တင်းမှုက ရာသီကုန်ချိန်မှာ ဘယ်အဆင့်မှာ ရပ်တည်မလဲဆိုတာ ဆုံးဖြတ်ပေးနိုင်တဲ့အချက်ဖြစ်ပါတယ်"လို့ ပြောကြားသွားခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်မှူး ဂျရူး ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိတာကြောင့် တိုက်စစ်ပိုင်းမှာ အနည်းငယ်အားနည်းနိုင်ပါတယ်။

 

Source & Photos: SkySports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD