ကမ္ဘာကျော်ဘောလုံးသမားတစ်ဦးဟာ သူငယ်ငယ်က ဘောလုံးကစားခဲ့တဲ့ အရွယ်တစ်ခုက ဓာတ်ပုံတစ်ပုံကို ပရိသတ်တွေ သိရှိနိုင်ဖို့ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ဖော်ပြလိုက်ပါတယ်။

play

 

ပြီးခဲ့တဲ့ အင်္ဂါနေ့က အဆိုပါ ဓာတ်ပုံကိုတင်ခဲ့တာ ဖြစ်ပြီး ဓာတ်ပုံရဲ့ သက်တမ်းအရ ၁၉၉၆ ခုနှစ်ခန့် ပုံတစ်ပုံဖြစ်ပြီး အဆိုပါ အချိန်တုန်းက ၎င်းရဲ့ အသက်မှာာ ၁၁ နှစ်ခန့်သာ ရှိသေးတာလည်း ဖြစ်ပါတယ်။

play

 

၎င်းအနေနဲ့ ယင်းအချိန်က ယခု လီဗာပူးအသင်းဖြစ်လာမယ့် အပျော်တမ်းကလပ်အသင်းတစ်သင်းမှာ ဘောလုံးမကစားမီ စုပေါင်း ဓာတ်ပုံရိုက်ထားတဲ့ပုံကိုတင်ထားတာ ဖြစ်ပြီး အဆိုပါ အသင်းအမည်ကတော့ အရှေ့ဗီလာအသင်းပဲ ဖြစ်ပါတယ်။

 

၁၉၅၉ ခုနှစ်မှ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး အဆိုပါ ကစားသမားအနေနဲ့ လီဗာပူးမြို့မှာ မွေးဖွားခဲ့တာကြောင့်လည်း အဆိုပါ ကလပ်အသင်းမှာ ကစားဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ အဲဗာတန်အသင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို စတင်ခဲ့ပြီး၊အောင်မြင်မှုတွေ အတွက် မန်ယူအသင်းမှာ ၁၃နှစ်ကြာ ကျင်လည်ခဲ့ပါတယ်။အခုတော့ အသက်အရွယ်အားဖြင့်လည်း ၃၂ နှစ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပြီး အသင်းဟောင်း အဲဗာတန်အသင်းကို ပြန်လည်ပြောင်းရွှေ့လာကာ ကစားသမားဘ၀ကို ဆက်လက်ဖြတ်သန်းနေပါတယ်။

Postby

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video