AD
AD
AD

လက်စတာစီးတီးနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့အတွက် ကြံ့ခိုင်မှု ပြည့်နေပြီလို့ အဂူရိုက ဆိုပါတယ်။

play

 

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဂူရိုအနေနဲ့ အင်္ဂါနေ့က ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ နိုင်ဂျီးရီးယားအသင်းတို့ရဲ့ နိုင်ငံတကာ ခြေစမ်းပွဲ ပထမပိုင်းအပြီးမှာ အတက်ရောဂါဖောက်ခဲ့လို့ ဆေးရုံကို ပို့ဆောင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

လက်ရှိမှာတော့ မိခင်ကလပ်အသင်းနဲ့ ပြန်လည်ပူးပေါင်းနေပြီး အသင်းဆရာဝန်တွေက ၎င်းရဲ့ ကျန်းမာရေးအခြေအနေကို ကုသပေးနေကာ လက်စတာနဲ့ပွဲအတွက် ကြံ့ခိုင်ရေး ပြည့်မပြည့်စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။

 

အဂူရိုအနေနဲ့ကတော့ ၎င်းအနေနဲ့ လက်ရှိမှာ ပြန်လည်ကျန်းမာနေပြီး လက်စတာနဲ့ပွဲအတွက်လည်း ကြံ့ခိုင်မှု ပြည့်နေပြီလို့ ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။

"အချိန်တိုင်း စစ်ဆေးမှုတွေ ခံယူခဲ့ရပါတယ်။အခုတော့ အားလုံးကောင်းနေပါပြီ။စနေနေ့ပွဲအတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ။" လို့ ၎င်းရဲ့ တွစ်တာအကောင့်မှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Postby

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD