AD
AD
AD
play

 

လီဗာပူးအသင်းရဲ့ နောက်ခံကစားသမား မိုရီနိုက အသင်းဖော် ကော်တင်ဟိုကို ဘာစီလိုနာအသင်းထံ မပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ကော်တင်ဟိုကို ဘာစီလိုနာအသင်းက ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလက ၃ ကြိမ်တိုင် ကမ်းလှမ်းခဲ့ပြီး လီဗာပူးအသင်းက ပယ်ချခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့တာဖြစ်ပါတယ်။

play

 

ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို လက်မလျှော့သေးဘဲ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ထပ်မံခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပြီး မိုရီနိုကလည်း အသင်းဖော် ကော်တင်ဟို လီဗာပူးအသင်းမှာ ဆက်ရှိနေဖို့အတွက် တတ်နိုင်သမျှ ကြိုးစားသွားမယ်လို့ သိရပါတယ်။

play

 

မိုရီနိုက ဂါးဒီးယန်းသတင်းဌာနနဲ့တွေ့ဆုံချိန်မှာ "ကျွန်တော်သူ့ကို မသွားပါနဲ့လို့ ပြောခဲ့တယ်"

"သူက ကျွန်တော့်ရဲ့သူငယ်ချင်းပါ။ အမြဲတမ်းလည်း သူငယ်ချင်းအဖြစ် ရှိသွားမှာပါ။ ဘာတွေဖြစ်လာမလဲ ကျွန်တော်လည်း မသိဘူး။ ကျွန်တော့်ရဲ့ ကြိုးစားမှု မအောင်မြင်ခဲ့ဘူးဆိုရင် သူနဲ့ အနီးကပ်ရှိနေတုန်းကလိုပဲ ချစ်သွားမှာပါ။ သူဘောလုံးကစားနေတာမြင်နေရရင် ကျွန်တော် စိတ်ပျော်ရွှင်မိတယ်။ အရမ်းကို အံ့သြဖို့ကောင်းပါတယ်"

Postby

 

"ကျွန်တော် သူတို့ကြား မဝင်နိုင်ပါဘူး။ လီဗာပူး၊ ဘာစီလိုနာနဲ့ သူ့ကြားပေါ့။ သူတို့ ဘာသာဆုံးဖြတ်ပါလိမ့်မယ်။ သူက လီဗာပူးအသင်းအတွက် အဓိကကစားသမားတစ်ယောက်ပါ။ ပရိသတ်တိုင်း၊ လီဗာပူးပွဲကို စောင့်ကြည့်တဲ့သူတိုင်း၊ ဘောလုံးအကြောင်းကို နားလည်တဲ့သူတိုင်း သိကြမှာပါ။ သူသာ လီဗာပူးအသင်းကထွက်ခွာသွားခဲ့ရင် ကွက်လပ်အကြီးကြီးဖြစ်သွားမယ်ဆိုတာ သူတို့ သိပါတယ်"

play

 

"သူနဲ့အတူတူ အဝတ်လဲခန်းတစ်ခုထဲမှာ အတူတူရှိနေခဲ့ရတာဟာ ကြုံတောင့်ကြုံခဲအခွင့်အရေးပါပဲ။ သူ့ကို နေ့တိုင်း လေ့ကျင့်နေတာတွေ့ခဲ့တယ်။ သူလုပ်ပြခဲ့တာတွေအားလုံးက ကျွန်တော် တစ်ခါမှ မမြင်ခဲ့ဖူးတဲ့အရာတွေပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၃ ပွဲဆက်တိုက် ဒဏ်ရာကြောင့်ပါဝင်ကစားပေးနိုင်ခြင်းမရှိဘဲ လာမယ့် စနေနေ့ ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားမယ်လို့ သိရပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD