AD
AD
AD

အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေတဲ့ ကွင်းလယ်ကစားသမား ၀ီးလ်ရှိုင်းယားအနေနဲ့ အသင်းကနေ ထွက်ခွာသင့်နေပြီလို့ ၀က်ဖို့ဒ်ကစားသမားဟောင်း အိုင်ဂါလိုက အသိပေးပြောကြားလိုက်ပါတယ်။

play
အိုင်ဂါလို(၀က်ဖို့ကစားသမားဟောင်း)

 

ဝီးလ်ရှိုင်းယားအနေနဲ့ ယခုနှစ်ပရီးမီးယားလိဂ် ရာသီမှာ အသင်းအတွက် ပွဲထွက်ခွင့်မရသေးပဲ နှစ်ပွဲသာာ လူစားလဲ ကစားသမားအဖြစ် ကစားခွင့်ရထားတာလည်း ဖြစ်ပါတယ်။

play

 

အိုင်ဂါလိုမှာ ယခုနှစ်နွေရာသီက တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့သွားခဲ့တာလည်း ဖြစ်ပါတယ်။

 

"ကမ္ဘာ့ဖလားကိုဝင်ရောက်နွှဲခွင့်ရဖို့အတွက် သူ့မှာ အခွင့်အရေးတွေရှိနေပါသေးတယ်။သူဒီထက်ပိုကစားဖို့လိုပါတယ်။သူအာဆင်နယ်မှာပဲ ဆက်နေမယ်ဆိုရင် အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်လာရမှာ မဟုတ်ပါဘူး။သူထွက်ခွာဖို့ ကျွန်တော်အကြံပြုချင်ပါတယ်။" လို့ အိုင်ဂါလိုက ပြောကြားထားခဲ့ပါတယ်။

ဒါ့အပြင် အိုင်ဂါလိုက ၀ီးလ်ရှိုင်းယားအနေနဲ့ အာဆင်နယ်မှာ ပွဲထွက်နေရာ တိုက်ပွဲဝင်နေဖို့ထက် အခြား အသင်းကြီးတစ်သင်းသင်းကို ပြောင်းရွှေ့ကာ ခြေစွမ်းပြကစားနိုင်ဖို့ကိုသာ ပိုမိုအာရုံစိုက်သင့်ကြောင့်နှင့်ပရီးမီးယားလိဂ်မှာပဲ နေဖို့ကိုလည်းပြောခဲ့ပါတယ်။

ဝီးလ်ရှိုင်းယားအနေနဲ့ ဒဏ်ရာပြဿနာအပါအ၀င် အသင်းမှာပွဲထွက်ခွင့်မရတာကြောင့်လည်း နိုင်ငံ လက်ရွေးစင်အသင်းလူစာရင်းကနေ ပြီးခဲ့တဲ့ ခြေစမ်းပွဲစဉ်တွေမှာ ချန်လှပ်ခြင်း ခံထားခဲ့ရပါတယ်။

Postby

Source- Daily Star

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD