play

 

ချယ်ဆီးအသင်းရဲ့နောက်ခံကစားသမား ဒေးဗစ်လုဇ်ဟာ ယခုလအစောပိုင်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ အရန်စာရင်းမှာတောင် ထည့်သွင်းခံရခြင်းမရှိဘဲ ပွဲကြည့်စင်ကသာ ကြည့်ရှုခဲ့ရပါတယ်။

play

 

နည်းပြကွန်တီကို ယင်းကိစ္စနဲ့ပတ်သက်ပြီး ဒေးဗစ်လုဇ်ကို အသင်းရဲ့လူစာရင်းမှာ ပြန်လည်ပါဝင်လာဖို့ ရှိ၊ မရှိ မေးမြန်းခဲ့ရာမှာ ဖြေကြားဖို့ ငြင်းဆန်ခဲ့ပြီး ယခုအပတ် စနေနေ့မှာ ဝက်စ်ဘရွန်းအသင်းနဲ့ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာလည်း ဒေးဗစ်လုဇ်ကို ပွဲကြည့်စင်မှာသာ မြင်ရဖွယ် ရှိနေတာဖြစ်ပါတယ်။

play

 

ချယ်ဆီးအသင်းရဲ့နည်းပြကွန်တီရဲ့ယခုလုပ်ရပ်ဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ယခုရာသီအစမှာလည်း တိုက်စစ်မှူး ဒီယေဂိုကော်စတာကို လူစာရင်းကနေ ချန်လှပ်ပြီး အသင်းရဲ့အနာဂတ်မှာ ကော်စတာအတွက် နေရာမရှိတော့ဘူးလို့ ပြောကြားခဲ့တဲ့အတွက် ဒီယေဂိုကော်စတာဟာ အသင်းဟောင်းဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။

Postby

 

နည်းပြကွန်တီရဲ့ အကြောင်းပြချက်မဲ့ လူစာရင်းကနေ ချန်လှပ်မှုကြောင့် ဒေါသထွက်နေတဲ့ ဒေးဗစ်လုဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ သိရပြီး ဆရာဟောင်းဖြစ်သူ မော်ရင်ဟိုကလည်း ဒေးဗစ်လုဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

play

 

ဒေးဗစ်လုဇ်ဟာ ချယ်ဆီးအသင်းနဲ့ ၂၀၁၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး လာမယ့် ဇန်နဝါရီလမှာ ချယ်ဆီးအသင်းက ဒေးဗစ်လုဇ်ကို ရောင်းချတော့မှာဖြစ်ပါတယ်။

Source & Photos:

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video