AD
AD
AD
play

 

အာဆင်နယ်အသင်းရဲ့နည်းပြ အာစင်ဝင်းဂါးဟာ လာမယ့် စနေနေ့မှာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်အတွက် စိတ်ဓာတ်စစ်ဆင်ရေး စတင်လိုက်ပြီလို့ ပြောရမှာဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်ကွင်းမှာ လာရောက်ယှဉ်ပြိုင်ကစားရမယ့် တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီကုန်ချိန်မှာ အာဆင်နယ်အသင်းရဲ့အထက်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ယင်းကဲ့သို့ ရပ်တည်နိုင်ခြင်းဟာ အာဆင်နယ်အသင်းကို အာစင်ဝင်းဂါး နည်းပြလာတဲ့ ၂၁ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

play

 

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုဟာ ထူးချွန်တဲ့ လူငယ်ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့နည်းပြ အာစင်ဝင်းဂါးက ဆုဖလားတွေ ရရှိမှသာ ကြီးမားတဲ့ပြိုင်ဘက်ဖြစ်လာနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

Postby

 

"ဆုဖလားတွေရရှိဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ အလုပ်တစ်ခုပြီးဆုံးဖို့ဆိုတာလည်း အရမ်းခက်ခဲပါတယ်"

"ခင်ဗျားရဲ့ စိတ်အာရုံတွေကို စုစည်းပြီး ကစားသမားတွေကို အရေးကြီးတဲ့အရာအပေါ်မှာ အာရုံစိုက်နိုင်အောင် ပြုလုပ်ရပါမယ်"

"တချို့အခြေအနေတွေမှာ ခင်ဗျားရဲ့ယုံကြည်ထားတဲ့အရာနဲ့ နည်းနည်း အတိုက်အခံလုပ်ရပါလိမ့်မယ်။ ကြောက်ရွံ့နေမယ်ဆိုရင် အဲဒီနေရာကို ခင်ဗျားကျော်ြ ဖတ်နိုင်မှာမဟုတ်ပါဘူး"

"ခင်ဗျားအနေနဲ့ အရေးကြီးတဲ့အရာတွေအပေါ်မှာပဲ အာရုံစိုက်ထားသင့်ပါတယ်။ ဆုဖလားတွေပေါ်မှာချည်းပဲ အာရုံစိုက်မနေသင့်ပါဘူး"

"ကျွန်တော် လူတွေကို မသုံးသပ်ချင်ပါဘူး။ ပေါ့ချက်တီနိုကတော့ ကောင်းမွန်တဲ့နည်းပြဖြစ်ပေမယ့် ချွင်းချက်တော့ရှိပါတယ်"

"ကျွန်တော်တို့ အလုပ်မှာက အကွာအဝေးနဲ့ အရည်အသွေးက ကွာခြားမှုကို ဖြစ်စေပါတယ်"

"သူ့မှာ နည်းပြတစ်ယောက်အတွက် လိုအပ်တဲ့အရာတွေအကုန်ရှိပါတယ်။ ဒါပေမယ့် အကုန်လုံးကို ခြုံပြောရရင် သူ့ရဲ့နည်းပြဘဝမှာ ဘာတွေဖြစ်လာဦးမလဲဆိုတာကို ခန့်မှန်းဖို့တော့ တော်တော်ခက်ခဲပါတယ်"

"ကျွန်တော်တို့နှစ်ယောက်အနေနဲ့ ဆုဖလားတွေကို ရနိုင်တဲ့အခြေအထားမှာရှိပေမယ့် လွယ်တော့မလွယ်ကူပါဘူး။ ဒါပေမယ့် အဲဒါက အရည်အသွေးနဲ့ဆိုင်တာကြောင့် စိတ်ရှည်ရမှာပေါ့"လို့ ပြောကြားခဲ့ပါတယ်။

 

ပေါ့ချက်တီနိုဟာ စပါးအသင်းကို စတင်ကိုင်တွယ်စဉ်ကတည်းက ဖလားတစ်လုံးမှ ရယူဖူးခြင်းမရှိသေးဘဲ စပါးအသင်းအနေနဲ့ ၂၀၀၈ ခုနှစ်က လိဂ်ဖလားကို ရရှိခဲ့တာ နောက်ဆုံးဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို တစ်ကြိမ်တစ်ခါမှ ရရှိခဲ့ဖူးခြင်းမရှိဘဲ Football League First Division လို့ ခေါ်တွင်စဉ်ကသာ ၁၉၅၀ နဲ့ ၁၉၆၀ မှာ ချန်ပီယံ ၂ ကြိမ် ဖြစ်ခဲ့ဖူးတာဖြစ်ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD