AD
AD
AD

မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာအနေနဲ့ အောက်တိုဘာလအတွက် တစ်လတာ အကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

play

 

အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂွါဒီယိုလာအနေနဲ့ စပါးနည်းပြ ပွန်ချက်တီနို၊အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး၊ဘန်လေနည်းပြ ဒိုင်ချီတို့ကို ကျော်ဖြတ်ပြီး အဆိုပါ ဆုကို ယခုနှစ်ရာသီအတွင်း ဒုတိယအကြိမ် ဆွတ်ခူးနိုင်ခဲ့သလို ပရီးမီးယားလိဂ် သက်တမ်းတစ်လျှောက်တတိယအကြိမ် ရရှိခဲ့ပါတယ်။

play

 

မန်စီးတီးအသင်းအနေနဲ့ ကစားပြီးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ပွဲအနက် တစ်ပွဲမှ ရှုံးပွဲမရှိသေးတဲ့တစ်သင်းတည်းသော အသင်းလည်း ဖြစ်ပါတယ်။

 

ဒါ့အပြင် အောက်တိုဘာလအတွင်း ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ် ၇-၂ အဖြစ် စတုတ်စီးတီးအသင်းကို အနိုင်ရခဲ့သလို အာဆင်နယ်အသင်းကိုလည်း ၃-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း နာပိုလီအသင်ကို ၄-၂ နဲ့ အနိုင်

ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တာကြောင့် ယခုလို ဆုရရှိခြင်းလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်စီးတီးအနေနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး ဒုတိယနေရာမှာ မန်ယူအသင်းကို ၈ မှတ်ထိ ဖြတ်ထားနိုင်တာလည်း ဖြစ်ပါတယ်။

ယခုတစ်ပတ်မှာတော့ လက်စတာ စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားမှာလည်း ဖြစ်ပါတယ်။

Postby

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD