ယနေ့ည မြန်မာစံတော်ချိန် ည ၉:၃၀ မှာ ယှဉ်ပြိုင်ကစားမယ့် ၀က်ဘရွန်းအသင်းနဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး ဟာဇက် ပါဝင်ကစားမယ်လို့ အသင်းနည်းပြ ကွန်တီက အတည်ပြု ပြောကြားလိုက်ပါတယ်။

play

 

ဟာဇက်အနေနဲ့ နိုင်ငံအသင်းနဲ့အတူ ခြေစမ်းပွဲများကစားလာခဲ့ရမှုကြောင့် အနည်းငယ်ပွဲပန်းမှုဒဏ်နဲ့ ဒဏ်ရာပြဿနာအနည်းငယ်ရှိလာမယ်လို့ ယူဆထားပေမယ့်လည်း နည်းပြကွန်တီကတော့ ကစားသမားအနေနဲ့ ပွဲကစားဖို့ အားလုံးကင်းရှင်းနေတယ်လို့ ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ကွန်တီကပြောရာမှာတော့-" ဘတ်ရှုဝါရီကတော့ ခြေကျင်းဝတ်ပြဿနာအနည်းငယ်ရှိနေပါတယ်။ဒါ့အပြင် မူဆိုဒါလည်း ဒူးပြဿနာ နည်းနည်းရှိနေပါတယ်။မော့ဆက်ကလည်း ပြန်လည်ကောင်းဖို့ လုပ်ဆောင်နေတုန်းပါပဲ။လာမယ့်အပတ်တော့ မြင်တွေ့ရဖို့ မျှော်လင့်ထားပါတယ်။ဟာဇက်ကတော့ နိုင်ငံပွဲကစားထားရလို့ ပွဲပန်းမှုရှိနိုင်ပေမယ့် သူက ပွဲကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှုအပြင် အခြား အပြစ်အနာတွေလည်းရှိမနေပါဘူး။" လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ထိပ်ဆုံးမှ မန်စီးတီးအသင်းနဲ့ ၉ မှတ်ကွာအနေအထားမှာရှိနေတာကြောင့် လက်ရှိချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ယခုပွဲစဉ်မှာ အရေးကြီးနေတာလည်း ဖြစ်ပါတယ်။

Postby

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video