AD
AD
AD

ယနေ့ ည မြန်မာစံတော်ချိန် ည ၇ နာရီမှာ ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အာဆင်နယ်အ သင်းက ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

မြောက်လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တာကြောင့် ပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးတွေကို တော့ ပွဲချိန် ၃၆ မိနစ်မှာ နောက်ခံလူ မူစတာဖီက ခေါင်းတိုက်သွင်းယူပေးခဲ့သလို ပွဲချိန် ၄၁ မိနစ်မှာ တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်က ဂိုးသမားနဲ့ အနီးကပ် ပိတ် သွင်းရယူပေးခဲ့တာ ဖြစ်ပါတယ်။

play

 

ယခုပွဲ အာဆင်နယ်အသင်းအနိုင်ရခဲ့တာကြောင့် အိမ်ကွင်း နောက်ဆုံး ၆ပွဲဆက် အနိုင်ရရှိတဲ့ စံချိန်ကောင်းကို ပိုင်ဆိုင်နိုင်ခဲ့သလို စပါးနည်းပြ ပွန်ချက်တီနိုကိုလည်း အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါး ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

 

စပါးနည်းပြ ပွန်ချက်တီနိုအနေနဲ့ အာဆင်နယ်အသင်းနဲ့ ၆ ကြိမ် ရင်ဆိုင်ခဲ့ဖူးရာမှာာ ၄ ကြိမ် သရေ ၂ ပွဲအနိုင်ကစားထားနိုင်ခဲ့တာကြောင့် ယခု တစ်ကြိမ် ရှုံးနိမ့်မှုမှာ နည်းပြလက်ထက် အာဆင်နယ်အသင်းကို ပထမဆုံး အကြိမ် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

ယခုပွဲအနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၅ နေရာကို ယာယီတက်လှမ်းထားနိုင်ခဲ့ပါတယ်။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD