မြန်မာစံတော်ချိန် ည ၉ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲမှာတော့ အသင်းကြီးတွေအကုန်လုံး အနိုင်ရရှိခဲ့ပါတယ်။

play

 

ထိပ်ဆုံးက ရပ်တည်နေတဲ့ မန်စီးတီးအသင်းက လက်စတာစီးတီး အိမ်ကွင်းမှာ ခြေစွမ်းပြကာ ၂-၀ ဂိုးနဲ့လည်းကောင်း၊ချဲလ်ဆီးအသင်းက လည်း ၀က်ဘရွန်းအသင်း အိမ်ကွင်းမှာ ၄-၀ ဂိုးနဲ့လည်းကောင်း ၊လီဗာပူးအသင်းကလည်း အိမ်ကွင်းမှာ ဆောက်သမ်တန်အသင်းကိုလည်း ကောင်း အသီးသီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

ဒါ့အပြင် ဘန်လေအသင်းကလည်း အိမ်ကွင်းမှာ ဆွမ်ဆီးအသင်းကို ၂-၀ ဂိုးလည်းကောင်း၊ဘုန်းမောက်အသင်းက ဟတ်ဒါဖီးလ်အသင်းကို ၄-၀ ဂိုးနဲ့လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြပြီး ပဲလေ့စ်အသင်းနဲ့ အဲဗာတန်အသင်းတို့ ၂ ဂိုးစီ သရေပွဲ ဖြစ်ပေါ်ခဲ့ပါတယ်။

 

အသင်းကြီးတွေ အားလုံးနိုင်ပွဲကိုယ်စီ ရရှိခဲ့တာကြောင့် ဇယားထိပ်ပိုင်း အပြောင်းအလဲ မဖြစ်ပေါ်ခဲ့ပဲ တနင်္ဂနွေနေ့ နံနက် ၁၂ နာရီမှာ ကစားမယ့် မန်ယူနဲ့ နယူးကာဆယ်အသင်းပွဲစဉ်မှာ အိမ်ရှင် မန်ယူအသင်း အနိုင်ရရှိသွားမလား ဆိုတာ စောင့်မျှောက်ကြည့်ရမှာ ဖြစ်ပါတယ်။

အစောပိုင်းက ကစားခဲ့တဲ အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video