play

 

ရှက်တာဒိုးနတ်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ဘားနတ်ဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့တာကြောင့် လာမယ့်နွေရာသီမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရတော့မှာဖြစ်ပါတယ်။

play

 

ဘားနတ်ဟာ လက်ရှိအချိန်မှာတော့ အသင်းဟောင်းဖြစ်တဲ့ ပါမီးရပ်စ်အသင်းထံ ပြန်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး ဘရာဇီးအားကစားသတင်းဌာနတစ်ခုဖြစ်တဲ့ UOL Sports က ဘားနတ်အနေနဲ့ ဥရောပမှာပဲ ဆက်လက်ရှိနေချင်တယ်လို့ ရေးသားထားပါတယ်။

play

 

ဒါကြောင့် ဘားနတ်အနေနဲ့ ပရီးမီးယားလိဂ်ကို လာရောက်လိုနေတယ်လို့ ယူဆနိုင်ပြီး ချယ်ဆီး၊ အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ရှက်တာဒိုးနတ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေက စိတ်ဝင်စားခြင်းခံနေရတဲ့ ဘားနတ်ကို လာမယ့်ဇန်နဝါရီလမှာ အလျင်အမြန်ရောင်းထုတ်သွားဖို့ရှိနေပြီး ပြောင်းရွှေ့ကြေးကို ပေါင် ၁၁.၅ သန်းသာ သတ်မှတ်ထားပါတယ်။

Postby

 

ဘားနတ်ဟာ ရှက်တာဒိုးနတ်အသင်းကို ၂၀၁၃ ခုနှစ်မှာ စတင်ရောက်ရှိခဲ့သူဖြစ်ပြီး ယင်းမတိုင်ခင်က စပါးအသင်းရဲ့နည်းပြ ဘိုရက်စ်က ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video