AD
AD
AD
play

 

ပြီးခဲ့တဲ့စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ဒုတိယပိုင်းပြီးဆုံးခါနီး ၇၇မိနစ်မှာ ဝင်ရောက်ကစားခဲ့တဲ့ ဇလာတန်အီဘရာဟီမိုဗစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အမြန်ဆုံးပြန်လာနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

အီဘရာဟီမိုဗစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့တစ်သက်တာဂိုးသွင်းစံချိန်ရှင် ဝိန်းရူနီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ပြီး နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ပထမဆုံးပွဲထွက်ကစားခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာကနေ အံ့အားသင့်ဖွယ် အမြန်ဆုံးသက်သာလာခဲ့ပေမယ့် ရရှိခဲ့တဲ့ ဒူးဒဏ်ရာဟာ လူတွေ ထင်ထားတာထက် အများကြီး ပိုဆိုးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

"ခင်ဗျားကို ပြောပြီးသားပဲ။ ခြင်္သေ့တွေ ဒဏ်ရာကနေ သက်သာလာတဲ့ပုံက လူတွေနဲ့ မတူပါဘူးဆိုတာလေ။ အဲဒီစကားကို ပြောနေတာထက်ပိုပြီး အခု လက်တွေ့သက်သေပြနိုင်ခဲ့ပြီ"လို့ MUTV ကို ပြောကြားခဲ့ပါတယ်။

Postby

 

"ဒါပေမယ့် လူတွေက ကျွန်တော် ဘယ်လိုမျိုး ဒဏ်ရာရခဲ့တယ်ဆိုတာကိုသာ သိရင် ယုံတောင် ယုံကြမှာမဟုတ်ဘူး။ လူတွေ သိထားကြတာက အရှေ့ဘက်ဒူးအရွတ်စုတ်ပြဲသွားတာလို့ပဲ သိကြတာ။ ဒါပေမယ့် တကယ်ရခဲ့တဲ့ဒူးဒဏ်ရာက အဲဒီဟာထက်တောင် ပိုပါသေးတယ်။ အဲဒါကို ကျွန်တော် ဘယ်သူ့ကိုမှ မပြောဘဲ ထိန်းသိမ်းခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာကြီးက သိပ်ကို ထိလွယ်ရှလွယ်ဖြစ်တာကြောင့်ပါ"

"ခင်ဗျားအနေနဲ့ တစ်ခုခုကို ပြန်လိုချင်ရင် ပေးဆပ်ရမှာပဲ။ ကျွန်တော်သာ အထီးကျန်ခံစားခဲ့ရမယ်ဆိုရင် ဒီဟာကို လုပ်နိုင်မယ်လို့ တွေးမိမှာမဟုတ်ဘူး။ ကျွန်တော့်ကို ယုံကြည်မှုပေးပြီး အားပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ အသင်းဖော်တွေ၊ မိသားစုတွေ၊ နည်းပြနဲ့ ကလပ်အသင်းက တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်"

 

"အခု ကျွန်တော် ပြန်ပေးရမယ့်အချိန် ရောက်လာပြီ။ အဲဒါက ကျွန်တော် လုပ်ချင်နေတဲ့အရာလည်းဟုတ်သလို လုပ်ရမယ့်အရာလည်း ဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: MUTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD