AD
AD
AD

စပါးအသင်းမှ တောင်ကိုရီးယားလက်ရွေးစင် ဆွန်ယောင်မင်အနေနဲ့ ပြီးခဲ့တဲ့ ၀က်ဟမ်းအသင်းနဲ့ပွဲစဉ်မတိုင်မစ်ီ ၀က်စ်ဟမ်း ပရိသတ်တစ်ဦးရဲ့ လူမျိုးရေး ခွဲခြားဆက်ဆံခြင်းကို ခံခဲ့ရတယ်လို့ ဗီဒီယို ရုပ်သံမှတ်တမ်းတွေကနေတဆင့် သိရပါတယ်။

play

 

ပရိသတ်တွေကို အမှတ်တရ လက်မှတ်ရေးထိုးပေးနေချိန်မှာ ဆွန်ယောင်မင်အနေနဲ့ အခုလို လူမျိုးရေးခွဲခြားတဲ့ ဆက်ဆံမှုမျိုးကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပြီး အဆိုပါ ဖြစ်ရပ်အတွက်စပါးအသင်းက-" ဘယ်လိုမှ လက်မခံနိုင်တဲ့ လုပ်ရပ်ပါ။ဗီဒီယိုမှတ်တမ်းကို ပြန်လည်ကြည့်ရှုပြီး စစ်ဆေးအရေးယူသွားဖို့ လုပ်ဆောင်သွားမှာပါ။" လို့ ထုတ်ပြန်ခဲ့ပါတယ်။

 

ဒါ့အပြင် ၀က်ဟမ်းအသင်းကလည်း -" ယခုလို လူမျိုးရေး ခွဲခြားခဲ့တဲ့ ပရိသတ်က ၀က်စ်ဟမ်းအသင်းကို ကိုယ်စားမပြုပါဘူး။ဘယ်သူမဆို ၀က်ဟမ်းပရိသတ်ဖြစ်ရင် လူမျိုးရေး ခွဲ

ခြားဆက်ဆံတာမျိုး လုံးဝလက်မခံဘူးလို့ တရားဝင်ထုတ်ပြန်ထားပြီးသားပါ။" လို့ ထုတ်ပြန်ခဲ့ပါတယ်။

ယခု ဖြစ်ရပ်မှာ တောင်ကိုရီးယားလူမျိုး ဆွန်ယောင်မင်အတွက်တော့ ပထမဆုံး အကြိမ် မဟုတ်တော့ပဲ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း မီဝေါလ်အသင်း ပရိသတ်တွေရဲ့ ခွဲခြားဆက်ဆံခြင်းကိုလည်း ကြုံခဲ့ဖူးတယ်လို့ သိရပါတယ်။

Postby

Source- Football Tribe Asia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD