AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြမော်ရင်ဟိုကို ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေတာကြောင့် အသင်းကနေ ထွက်ခွာသွားမှာကို ကာကွယ်တဲ့အနေနဲ့ နှစ်စဉ် ယူရို ၂၂ သန်း ရရှိနိုင်မယ့် စာချုပ်သစ်နဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

play

 

အချို့သတင်းဌာနတွေရဲ့ရေးသားချက်အရ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့အပတ်က ပီအက်စ်ဂျီအသင်းနဲ့ အဆက်အသွယ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ နည်းပြ အူမရီရဲ့နေရာမှာ အစားထိုးဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟို သို့မဟုတ် ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

play

 

ဒါကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ မော်ရင်ဟိုရဲ့လစာကို တိုးမြှင့်ပေးသွားမယ့်အပြင် မော်ရင်ဟို အလိုရှိတဲ့ ထိပ်တန်းကစားသမားတွေကိုပါ ခေါ်ယူခွင့်ပြုသွားမယ်ဆိုတဲ့အချက်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုဟာ အက်သလက်တီကိုအသင်းရဲ့တိုက်စစ်မှူး ဂရစ်ဇ်မန်းနဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ဂါရတ်ဘေးလ်တို့ကို ပစ်မှတ်ထား ခေါ်ယူလိုနေပြီး ယင်းကစားသမားနှစ်ဦးဟာ သူ့ရဲ့ကစားကွက်ပုံစံနဲ့ အံဝင်ခွင်ကျဖြစ်မယ့် ကစားသမားတွေလို့ မော်ရင်ဟိုက ယုံကြည်နေတာဖြစ်ပါတယ်။

Postby

 

တကယ်လို့ နည်းပြ မော်ရင်ဟိုသာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် စာချုပ်ပါအချက်အရ မန်ချက်စတာယူနိုက်တက်အသင်းကို လျော်ကြေးအနေနဲ့ ယူရို ၃၃ သန်း ပေးလျော်ရမှာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းအနေနဲ့ နည်းပြ မော်ရင်ဟိုကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ယင်းလျော်ကြေး ယူရို ၃၃ သန်းကို လိုလိုလားလား ပေးလျော်ဖို့အဆင်သင့်ရှိနေမယ်လို့ ယူဆရပါတယ်။

 

Source & Photos: Sport-english

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD