AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ မန်ယူအသင်းဟာ မန်စီးတီးအသင်းနဲ့ ၈ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံ မျှော်လင့်ချက်ရှိသေးတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

Postby

ပေါ့ဂ်ဘာက သူ့အနေနဲ့ ၂၀၁၇ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက် မရှိတော့ဘူးဆိုရင် လက်ရှိကစားနေတာကို ရပ်တန့်ပစ်လိုက်မယ်လို့ ပြောကြားခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ ဒဏ်ရာကြောင့် ၂ လကြာ အနားယူနေခဲ့ရပြီး ပြီးခဲ့တဲ့စနေနေ့က နယူးကာဆယ်အသ င်းနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားနိုင်ခဲ့ပြီး ကိုယ်တိုင်လည်း ၁ ဂိုးသွင်းယူပေးခဲ့သလို အသင်းဖော် ဂိုးရရှိအောင်လည်း ဖန်တီးပေးနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ လက်ရှိအချိန်အထိ ရှုံးပွဲမရှိသေးဘဲ ပြိုင်ဘက်အသင်းကြီးတွေကို အနိုင်ယူထားနိုင်ပြီး ရပ်တန့်မရနိုင်တော့ဘူးဆိုတဲ့စကားကို ပေါ့ဂ်ဘာက ငြင်းဆန်ခဲ့ပြီး ချန်ပီယံမျှော်လင့်ချက်သာမရှိတော့ရင် အသင်းရဲ့လူစာရင်းကနေ ထွက်လိုက်မယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံမျှော်လင့်ချက်ရှိနေသေးလားလို့ မေးမြန်းခဲ့တဲ့အပေါ် ပေါ့ဂ်ဘာက "ဟုတ်တာပေါ့။ ရာသီက အရှည်ကြီး ကျန်ပါသေးတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံဖြစ်နိုင်ပါသေးတယ်။ အဲဒီလို မယုံကြည်နေဘူးဆိုရင် ကျွန်တော် ကစားနေတာကို ရပ်တန့်လိုက်မှာပါ"

"ကျွန်တော်တို့အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်သေးတယ်ဆိုတာကို မယုံကြည်တော့ဘူးဆိုရင် ကစားနေတာကို ရပ်ပစ်လိုက်မှာပါ။ ကျွန်တော့်ရဲ့ ဖိနပ်တွေကို ချွတ်ပြီး ဘောလုံးကစားနေတာကို ရပ်တန့်လိုက်မှာပါ။ ကျွန်တော်က ယုံကြည်ချက်သမားပါ။ ကျွန်တော်တို့ ဆက်ကြိုးစားသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

ပေါ့ဂ်ဘာ ပြန်လည်ပါဝင်နိုင်တဲ့ပွဲစဉ်ကျမှ ၇ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေတဲ့ လူကာကူ ဂိုးပေါက်ပြန်လည်တွေ့ရှိခဲ့တာကို ပေါ့ဂ်ဘာက ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် ပြန်လာတဲ့နေ့မှာပဲ လူကာကူ ဂိုးပြန်သွင်းတယ်။ အဲဒါကို ကျွန်တော် နှစ်သက်ပါတယ်"

"ကျွန်တော်တို့အသင်းမှာ ကစားသမားကောင်းတွေအများကြီးရှိတယ်။ ပါရမီရှင်ကစားသမားတွေလည်း အများကြီးရှိတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိကြပါတယ်"

"လူကာကူက ပရီးမီးယားလိဂ်မှာ အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်ပါ။ သူ့ရဲ့အရည်အချင်းကို ကျွန်တော်တို့ သိပါတယ်။ သူနဲ့ပတ်သက်သမျှ အားလုံးကို ကျွန်တော်တို့သိတယ်။ သူနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်မရှိပါဘူး"

"နောက်ဆုံးမှာတော့ ကျွန်တော်တို့ ရလဒ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

 

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD