play

 

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းဟာ သူ့ရဲ့ကစားသမားဘဝကို တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ပေးဆပ်ရင်း ကုန်ဆုံးသွားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ဟယ်ရီကိန်းဟာ ၂၀၀၄ ခုနှစ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့လူငယ်အကယ်ဒမီအသင်းကို ရောက်ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ အသင်းကြီးမှာ စတင်ကစားခွင့်ရရှိခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ လေတန်အိုးရီးရင့်၊ မေလ်ဝေါလ်၊ နောဝစ်ခ်ျစီးတီးနဲ့ လက်စတာစီးတီးအသင်းတို့မှာ အငှားနဲ့သွားရောက်ကစားခဲ့ရပြီး ၂၀၁၄ ဘောလုံးရာသီကနေစပြီး စပါးအသင်းမှာ ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

Postby

 

ဟယ်ရီကိန်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူဖို့ ပစ်မှတ်ထားခြင်းခံနေရချိန်မှာ ယခုလို စပါးအသင်းပေါ်ထားတဲ့ သဘောထားကို ထုတ်ဖော်ပြောကြားလိုက်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ လက်လျှော့ရမယ့်အနေအထား ဖြစ်လာခဲ့ပါတယ်။

"ကျွန်တော့်ရဲ့ပန်းတိုင်ကတော့ ကျွန်တော့်ကစားသမားဘဝတစ်လျှောက်လုံး တော့တင်ဟမ်ဟော့စပါးအသင်းမှာပဲ ကစားဖို့ပါ"

"ကျွန်တော့်မှာ အရမ်းကို ထူးဆန်းအံ့သြစရာကောင်းတဲ့ အသင်း၊ ထူးချွန်တဲ့နည်းပြ၊ ပရော်ဖက်ရှင်နယ်တွေမွေးထုတ်ပေးနိုင်တဲ့ လေ့ကျင့်ရေးစင်တာနဲ့ မကြာခင်မှာ ကွင်းသစ်ကြီးကိုလည်း ပိုင်ဆိုင်ရတော့မယ်။ အရာအားလုံးက ကျွန်တော့်အတွက် အံဝင်ခွင်ကျ လိုက်ဖက်နေတာကြောင့် ပျော်ရွှင်ရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

 

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video