play

 

ဝက်စ်ဘရွန်းအသင်းရဲ့နည်းပြ တိုနီပူးလစ်ဟာ ပြီးခဲ့တဲ့စနေနေ့က အိမ်ကွင်းမှာ ချယ်ဆီးအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ဥက္ကဌဖြစ်တဲ့ ဂျွန်ဝီလီယံက နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

play

 

ဝက်စ်ဘရွန်းအသင်းဟာ ရာသီအစ ပွဲစဉ် ၃ ပွဲကို အနိုင်ရရှိပြီးတဲ့နောက်ပိုင်း နိုင်ပွဲမရရှိတော့ဘဲ လက်ရှိအချိန်မှာ ရမှတ် ၁၀ မှတ်နဲ့ တန်းဆင်းဇုန်ထဲမှာ ကျရောက်နေတာဖြစ်ပါတယ်။ ဝက်စ်ဘရွန်းအသင်းရဲ့ဥက္ကဌ ဂျွန်ဝီလီယံက "ဒီဆုံးဖြတ်ကို လွယ်လွယ်နဲ့ ချမှတ်ခဲ့ရတာမဟုတ်ပါဘူး။ ဒါပေမယ့် အသင်းရဲ့စိတ်ဝင်စားမှုကို အမြဲတမ်း အလေးထားရပါမယ်"

"အသင်းရဲ့ပြီးခဲ့တဲ့ရာသီနဲ့ ခုလက်ရှိအချိန်အထိ အနေအထားက ကျွန်တော်တို့ စီးပွားရေးမှာရလဒ်တစ်ခု ဖြစ်လာစေပါတယ်။ ကျွန်တော်တို့အနေနဲ့ အရမ်းပဲ စိတ်ပျက်မိပါတယ်"

"ကျွန်တော်တို့အနေနဲ့ တိုနီပူးလစ်ရဲ့ အသင်းပိုင်ရှင်အပြောင်းအလဲကာလမှာ အထောက်အပံ့ပေးခဲ့တာတွေ၊ ကြိုးစားအားထုတ်ခဲ့တာတွေကို မှတ်တမ်းတင်ထားပါ့မယ်။ သူ့ရဲ့အနာဂတ်ကို ကောင်းမွန်အောင် အကောင်းဆုံးကြိုးစားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Postby

 

ဝက်စ်ဘရွန်းအသင်းဟာ လာမယ့်စနေနေ့မှာ တော့တင်ဟမ်ဟော့စပါးအသင်းကို ဝင်ဘလေကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ ဝက်စ်ဘရွန်းအသင်းဟာ ပြီးခဲ့တဲ့မတ်လကတည်းက ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ၂၁ ပွဲကစားခဲ့ရာမှာ ၁၂ မှတ်သာ ရရှိခဲ့တာဖြစ်ပါတယ်။ ယခုရာသီမှာလည်း ၁၂ ပွဲကစားပြီးချိန်မှာ ၉ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး ၂ ပွဲနိုင် ၄ ပွဲသရေ ၆ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

 

Source & Photos: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video