play

 

ဝက်စ်ဟမ်းအသင်းရဲ့ပရိသတ်တွေဟာ ယခုရာသီမှာ ၁၀ ပွဲဆက်တိုက် နိုင်ပွဲမရရှိတဲ့ အသင်းကို စိတ်ပျက်နေပြီး ဘုတ်အဖွဲ့ကိုလည်း နှုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းအသင်း ရှုံးပွဲနဲ့ကြုံတွေ့တိုင်း အရေးပေါ် 999 ကို ဖုန်းဆက်ပြီး မကျေနပ်ချက်တွေကို စောဒကတက်လေ့ရှိတာကြောင့် ရဲတပ်ဖွဲ့က ဖုန်းမခေါ်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

play

 

ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဝက်ဖို့ဒ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဝက်စ်ဟမ်းအသင်းရဲ့ပရိသတ်တွေဟာ သူတို့ရဲ့မကျေနပ်မှုကို အရေးပေါ်ဖုန်းနံပါတ် 999 ကို ဆက်ပြီး ပြောကြားခဲ့ကြတဲ့အတွက် Essex ရဲတပ်ဖွဲ့ထိန်းချုပ်ရေးအခန်းက နောက်ထပ် ဖုန်းထပ်မဆက်ကြဖို့ တောင်းပန်ခဲ့ရပါတယ်။

play

 

Essex ရဲတပ်ဖွဲ့ထိန်းချုပ်ရေးအခန်းရဲ့ တွစ်တာအကောင့်မှာလည်း အခုလိုပဲ ဝက်စ်ဟမ်အသင်းရဲ့ပရိသတ်တွေကို ရဲတပ်ဖွဲ့က ရေးသားထားပါတယ်။

"999 ဖုန်းသံမည်လာတယ်။ ဘာကြောင့်လဲဆိုတော့ ဝက်စ်ဟမ်းအသင်း နောက်ထပ်ရှုံးပြန်ပြီလေ။ သင့်အနေနဲ့ ဘာလုပ်ရမလဲ သေချာမသိတာဟာ လက်မခံနိုင်စရာပါ"

"အဲဒါက ကျွန်တော်တို့ရဲ့အချိန်တွေကို ဖြုန်းတီးပစ်တာပါပဲ။ #999(အရေးပေါ်ဆက်သွယ်ရန်အတွက်သာ)"လို့ ရေးသားထားပါတယ်။

Postby

 

ဒီ Tweet ကို မြင်တွေ့တဲ့ အချို့ဝက်စ်ဟမ်းအသင်း ပရိသတ်တွေဟာ ဒါဟာ ရဲတပ်ဖွဲ့ရဲ့လူမှုကွန်ရက်မှာ လူစိတ်ဝင်စားအောင် သက်သက် လုပ်ကြံရေးသားထားတာလို့ ပြောကြားခဲ့ပါတယ်။

 

Source & Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video