ယခုနှစ်ရာသီကုန်မှာ ရှော်လ်ကေးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂျာမနီလက်ရွေးစင် ကစားသမား လီယွန် ဂေါ်ရက်ဇ်ကာကို ခေါ်ယူနိုင်မယ်လို့ အာစင်ဝင်းဂါးက ယုံကြည်နေပါတယ်။

play
အာဆင်နယ်အသင်း မန်နေဂျာ အာစင်ဝင်းဂါး

 

အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါ ကစားသမားမှာ လာမယ့် ဇန်န၀ါရီမှာ နိုင်ငံခြားကလပ်အသင်းတစ် သင်းနဲ့ အကြိုသဘောတူညီမှု ရရှိထားပြီလို့ သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

play
ရှော်လ်ကေးအသင်းရဲ့ ဂျာမနီလက်ရွေးစင် ကွင်းလယ်လူ ဂေါ်ရက်ဇက်ကာ

 

အာဆင်နယ်အသင်းအနေနဲ့ ဂေါ်ရက်ဇ်ကာအတွက် ပြောင်းရွှေ့ကြေးသုံးစွဲစရာလိုမှာ မဟုတ်ပဲ ခေါ်ယူနိုင်ခဲ့ပါက ကိုလာစီနက်ပြီး နောက်ထပ် အသင်းအတွက် အကျိုးရှိစေမယ့်အလွတ်ခေါ်ယူမှုတစ်ရပ် ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

 

အာဆင်နယ်အသင်းမှ ဘော့စနီးယားခံစစ်မှူး ကိုလာစီနက်မှာ ရှော်လ်ကေးအသင်းကနေ ယခုနှစ်ရာသီမှာအလွတ်ပြောင်းရွှေ့ကြေးနဲ့ အာဆင် နယ်အသင်းကို ရောက်ရှိလာကာ ခြေစွမ်းပြကစားပြီး ပွဲထွက်လူစာရင်းတစ်နေရာစာ ရယူထားနိုင်သူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဆိုပါ ကစားသမားကို ပရီးမီးယားလိဂ်မှ အာဆင်နယ်အသင်းနည်းတူ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကာ ဂေါ်ရက်ဇက်ကာကိုယ်တိုင်က ပရီးမီးယားလိဂ်မှာ ကစားချင်နေတာကြောင့် အသင်းဖော် ကိုလာစီနက် ရှိနေတဲ့  အာဆင်နယ်အသင်းကို ရောက်မလား မန်စီးတီး၊လီဗာပူးအသင်းတို့ကခေါ် ယူနိုင်မလား စိတ်ဝင်စားဖွယ် စောင့်ကြည့် သွားရတော့မှာ ဖြစ်ပါတယ်။

Postby

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video