လာမယ့် နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အဓိက ကစားသမား ဆန်းချက်နဲ့ အိုလ်ဇေးတို့ရဲ့ နေရာမှာ အခြားကစားသမားတွေနဲ့ ပြန်လည် အစားထိုးနိုင်ဖို့ အာဆင်နယ် အသင်းက ပြင်ဆင်နေပါတယ်။

play

 

ဆန်းချက်မှာ မန်စီးတီးအသင်းက ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး အိုလ်ဇေးကတော့ မန်ယူနဲ့ ဘာစီလိုနာအသင်းတို့မှ ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း အာဆင်နယ်အသင်းကတော့ အဆိုပါ ကစားသမားနှစ်ယောက်စလုံးကို ဆက်လက်ထိန်းထားနိုင်ဖို့ နောက်ဆုံးအချိန်ထိ ကြိုးပမ်းသွားမယ်လို့လည်း အာစင်ဝင်းဂါးက ထုတ်ဖော်ပြောထားပါတယ်။

play

 

ထိန်းထားနိုင်ခြင်း မရှိပါက ၎င်းတို့နေရာမှာ အစားထိုးနိုင်ဖို့အတွက် ကစားသမားခေါ်ယူမှုတွေကို ပြန်လည် ပြုလုပ်နိုင်ရန် အတွက် အာဆင်နယ်အသင်း ပစ်မှတ်ထားထားတဲ့ ကစားသမားတွေလည်း ရှိပါတယ်။

play

 

အဆိုပါ ကစားသမားတွေကတော့ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ဖယ်လိုင်နီ၊၀က်ဖို့ဒ်အသင်းမှ ရစ်ချာလီဆန်၊ လိုင်ယွန်မှ နဘီဖီကီ၊ရှော်လ်ကေးမှ လီယွန်ဂေါ်ရက်ဇ်ကာနဲ့ ပီအက်ဂျီမှ ဒရက်ဇ်လာတို့ဖြစ်ပါတယ်။

 

ယင်းကစားသမားတွေကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်အသင်းအနေနဲ့ ကြိုးပမ်းနေတာ ကြာမြင့်နေပြီ ဖြစ်ပြီး ဆန်းချက်နဲ့ အို လ်ဇေး ထွက်ခွာသွားပါက ပြန်လည်အစားထိုးနိုင်ဖို့ ချိန်ရွယ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ခေါ်ယူနိုင်ဖို့ ရှိမရှိကိုတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Postby

Source- Daily Star

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video