AD
AD
AD
play

 

လက်ရှိ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေမှာ အချို့အသင်းတွေဟာ အုပ်စုကနေ တက်ရောက်ဖို့ သေချာနေပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကတော့ ရမှတ် ၁၂ မှတ်နဲ့ အုပ်စုဗိုလ်ဖြစ်နေပေမယ့် အုပ်စုဗိုလ်အဖြစ်နဲ့ အုပ်စုအဆင့်က တက်ရောက်နိုင်ဖို့ မသေချာသေးပါဘူး။

play

 

ဘေဆယ်အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ နည်းပြ မော်ရင်ဟိုဟာ အနိုင်ရယူလိုခြင်းမရှိဘဲ ဂိုးမပေးရရေးအတွက် ဘတ်စ်ကားကွက်နဲ့ ပိတ်ဆို့ကစားစေခဲ့ပြီး တန်ပြန်တိုက်စစ်နဲ့သာ ဘေဆယ်အသင်းကို ရင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုရဲ့ဘတ်စ်ကားကွက်ဟာ ပွဲပြီးဆုံးခါနီး ၈၉ မိနစ်မှာ ကျိုးပေါက်သွားခဲ့ပြီး ဘေဆယ်အသင်းရဲ့ကွင်းလယ်ကစားသမား မိုက်ကယ်လန်းရဲ့ သွင်းဂိုးကို ဘယ်လိုမှမတတ်နိုင်ဘဲ ခွင့်ပြုခဲ့ရပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် ဒီဇင်ဘာလထဲမှာ ပွဲကျပ်ကာလကို ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့မှာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်သွားဖို့ ရှိနေပြီး ၆ ရက်နေ့မှာတော့ စီအက်စ်ကေအေမော်စကိုအသင်းကို အိမ်ကွင်းမှာလက်ခံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ မော်စကိုအသင်းနဲ့ပွဲစဉ်အပြီး ၁၀ ရက်နေ့မှာတော့ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာပဲ ဆက်လက်ရင်ဆိုင်သွားရမှာဖြစ်တာကြောင့် နည်းပြ မော်ရင်ဟိုအနေနဲ့ ဘတ်စ်ကားကွက်ကို အမြဲတမ်းအသုံးပြုနေလို့ မဖြစ်တော့ပါဘူး။

play

ဘေဆယ်အသင်းနဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ သရေတစ်မှတ်သာ ရယူဖို့ လာရောက်ခဲ့တယ်ဆိုတာ ထင်ရှားနေခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်းအထိ ရှိနေခဲ့တာကို တွေ့ရပါတယ်။ ပွဲစဉ်တစ်ခုလုံး မန်ချက်စတာယူနိုက်တက်အသင်းက ဖိအားပေးကစားနိုင်ခဲ့ပေမယ့် နည်းဗျူဟာအရ ကွင်းလယ်ကစားသမားတွေဟာ တိုက်စစ်ကို ထင်သလောက် လိုက်ပါလို့မရတဲ့အတွက် လူကာကူတစ်ဦးတည်း အကူအညီမဲ့နေပြီး ကြုံသလို ကန်သွင်းနေရတဲ့အတွက် ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာ တိုက်စစ်ကို အသားပေးကစားခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဘတ်စ်ကားကွက် သီးသန့်အသုံးပြုပြီး ကစားနေခဲ့တာကို တွေ့ရပါတယ်။

"ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ပထမပိုင်းကတည်းက ၅ ဂိုးလောက် မသွင်းနိုင်ခဲ့လို့ပဲ။ တိုက်စစ်ပိုင်းက ကောင်းမွန်ခဲ့ပေမယ့် တစ်ဂိုးတောင် မသွင်းယူနိုင်ခဲ့ပါဘူး။ အချိန်တိုင်းမှာ ကျွန်တော်တို့ လွှမ်းမိုးပြီးကစားနိုင်ခဲ့တာကို ကြည့်ပြီး အနိုင်မရခဲ့ဘူးဆိုတာ မဖြစ်နိုင်ဘူးလို့တောင် တွေးမိပါတယ်"

"ဒါပေမယ့် အဲဒီလိုအခွင့်အရေးကောင်းတွေ အများကြီးဆုံးရှုံးရတဲ့အခါမှာ ခင်ဗျားကိုယ် ခင်ဗျားဖြစ်နိုင်တဲ့အခြေအနေမှာပဲ ထားလိုက်နိုင်ဖို့ အတွေ့အကြုံက စကားပြောလာပါတယ်"လို့ နည်းပြမော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ၁၆ သင်းပတ်လည်ရှုံးထွက်အဆင့်ကို အုပ်စုဗိုလ်အဖြစ်နဲ့ တက်ရောက်နိုင်ဖို့အတွက်ဆိုရင် လာမယ့် ဒီဇင်ဘာ ၃ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် စီအက်စ်ကေအေမော်စကိုအသင်းနဲ့ပွဲစဉ်မှာ ဂိုးများများသွင်းပြီး အနိုင်ကစားဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒီလို ဂိုးများများသွင်းယူနိုင်ဖို့အတွက်ဆိုရင်တော့ နည်းပြမော်ရင်ဟိုရဲ့ဘတ်စ်ကားကွက်ကို မေ့ပစ်ပြီး နည်းဗျူဟာအသစ်တွေနဲ့ ခင်းကျင်းပြီး ပုံဖော်နိုင်မှသာ ဖြစ်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် မေးခွန်းတစ်ခုမေးစရာရှိလာတာကတော့ နည်းပြ မော်ရင်ဟိုအနေနဲ့ ဘတ်စ်ကားကွက်ကို ဘယ်အချိန်အထိ အသုံးပြုမှာလဲ။ ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းနဲ့ လုပ်နိုင်စွမ်းကို ကန့်သတ်ထားတဲ့ ဘတ်စ်ကားကွက်ကို လာမယ့်ပွဲစဉ်တွေမှာ ဆက်လက်အသုံးပြုသွားဦးမှာလားလို့ မေးရတော့မှာဖြစ်ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD