play

 

ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီဟာ ရိုးမားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း ဒေးဗစ်လုဇ်ကို ထည့်သွင်းကစားခဲ့ခြင်းမရှိဘဲ ခရစ်စတန်ဆန်ကိုသာ အသုံးပြုခဲ့ပါတယ်။

play

 

ခရစ်စတန်ဆန်ဟာ ဒေးဗစ်လုဇ်ရဲ့နေရာမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဘရွန်းအသင်းတို့ကို ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အထင်ကြီးလောက်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။ နည်းပြကွန်တီဟာ ကွာရာဘတ်အသင်းနဲ့ပွဲစဉ်မှာ ဒေးဗစ်လုဇ်ကို ပြန်လည်ထည့်သွင်းကစားစေခဲ့ပြီး ယင်းပွဲစဉ်မှာ ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် ချယ်ဆီးအသင်းဟာ ၁၆ သင်းပတ်လည်အဆင့်ကို တက်ရောက်ဖို့ ကျိန်းသေသွားခဲ့ပြီဖြစ်ပါတယ်။

play

 

"ဒေးဗစ်လုဇ် အကောင်းဆုံးပုံစံနဲ့ပြန်လာပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်။ ခရစ်စတန်ဆန်ကတော့ ဒေးဗစ်လုဇ် အငယ်စားလေးလို့ပဲ ပြောရမှာပေါ့"

Postby

 

"ဒေးဗစ်အနေနဲ့ ခရစ်စတန်ဆန်ရဲ့ခြေစွမ်းပိုင်းတိုးတက်မှုဖြစ်စဉ်မှာ အကူအညီအများကြီးပေးဖို့ ကမ်းလှမ်းနိုင်တယ်လို့ ခံစားရပါတယ်။ ဒေးဗစ်က အဲဒီလို နေရာကို ရောက်ခဲ့ပြီးပြီ။ ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်နေပြီးသား။ ဆုဖလားတွေလည်း သူရရှိခဲ့ဖူးပြီးပြီ"

 

"အဓိက ရည်ရွယ်ချက်ကတော့ ဒီပြိုင်ပွဲအစကနေတစ်ဆင့်ချင်းစီ သွားဖို့ပဲ"

"အဲဒါ အရမ်းကောင်းမွန်တဲ့ ရလဒ်ပါပဲ။ ကျွန်တော်တို့ ပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့အနိုင်ရမယ်ဆိုတာ သိနေခဲ့ပါတယ်။  နောက်ဆုံးကစားရမယ့် ပွဲစဉ်ဟာ အရမ်းခက်ခဲမယ်ဆိုတာ သိပေမယ့် နောက်ဆုံးချိန်ထိတိုင်အောင် အသင်းကနေ ထွက်ခွာမသွားဘဲ ရှိနေပါတယ်"

play

 

"ကွာရာဘတ်ကို အနိုင်ရရှိခဲ့တာကြောင့် အက်သလက်တီကိုနဲ့ပွဲစဉ်အတွက် ဖိအားတွေ သက်သာသွားစေပါတယ်။ သန်ဘက်ခါမှာ လီဗာပူးနဲ့ရင်ဆိုင်ဖို့အတွက် ရှိနေပါသေးတယ်"လို့ ဂယ်ရီကာဟေးက ပြောကြားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video