play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထ၀င်ကစားသမားကြီး အဲရစ်ကန်တိုနာက နည်းပြ မော်ရင်ဟိုဟာ အသင်းကို အောင်မြင်မှုတွေဆီကို သယ်ဆောင်သွားပေးနိုင်မယ့်သူတစ်ဦးလို့ ယုံကြည်ပေမယ့် အသင်းရဲ့လက်ရှိကစားပုံကို ကြည့်ရှုရတာ ငြီးငွေ့စရာကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အအောင်မြင်ဆုံး ကာလတွေမှာ ကျောနံပါတ် ၇ ကို ၀တ်ဆင်ပြီး အောင်မြင်မှုတွေကို ရယူပေးခဲ့တဲ့ ကန်တိုနာက မော်ရင်ဟိုအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မူလဟန်ပန်ဖြစ်တဲ့ တိုက်စစ်အသားပေး ကစားပုံကို အသုံးပြုသွားဖို့ မျှော်လင့်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပရိသတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Full Time DEVILS နဲ့ အင်တာဗျုးမှာ ကန်တိုနာက “မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အမြဲတမ်း တိုက်စစ်ဆင်ပြီး ဖျော်ဖြေမှုရသအပြည့်နဲ့ ကစားတတ်တဲ့ အသင်းတစ်သင်းပါ။ ဆာမတ်စ်ဘတ်စ်ဘီတို့ ခေတ်ကတည်းကနေ ဆာအဲလက်စ်ဖာဂူဆန်ခေတ်အထိအောင်ပါပဲ။ ဒါဟာ ယူနိုက်တက်ရဲ့ကိုယ်ပိုင် အမှတ်တံဆိပ်သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ် ။ ကစားပွဲတစ်ပွဲကို ဘောလုံးပေးပို့မှုတွေ ၊ အသင်းလိုက် အလိုက်သင့်ရွေ့လျားမှုတွေနဲ့ ကစားခဲ့ကြတာပါ”

Postby

 

“အနိုင်ရဖို့ကလည်း အရေးကြီးပါတယ်။ မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်မှာ ဒီထက် အောင်မြင်ဦးမှာပါ ။ ဒါပေမယ့် ကျွန်တော့် အမြင်မှာတော့ လှပညက်ညောတဲ့ ကစားကွက်တွေကို မြင်တွေ့ချင်ပါတယ်။ ကျွန်တော် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပွဲတိုင်းကို မလွတ်တမ်း ကြည့်ရှုခဲ့တာလည်း အဲဒါကြောင့်ပါ”

 

“စိတ်ထဲကအတိုင်း ပြောရရင် မော်ရင်ဟိုကို ကျွန်တော် ကြိုက်ပါတယ်။ သူ့ကို တိုက်စစ်လေး နည်းနည်း ပိုကစားစေချင်တာလောက်ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူရောက်နေတာက မန်ချက်စတာယူနိုက်တက်မို့ပါ။ အခုတော့ ရလဒ်ပိုင်းကို ပိုဦးတည်နေပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်းထန်အားပါတဲ့ တိုက်စစ်ကစားဟန်တွေက ပျောက်ဆုံးနေပါတယ်။ ဒါပေမယ့် မော်ရင်ဟိုဟာ ဆုဖလားတွေ ရယူပေးမယ်ဆိုတာတော့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Express

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video