AD
AD
AD

မန်ယူအသင်းခေါင်းဆောင် မိုက်ကယ်ကာရစ်မှာ နှလုံး ဝေဒနာခံစားနေရာမှ ပြန်လည်သက်သာလာခဲ့ပြီလို့ သိရ ပါတယ်။

play

 

အသက် ၃၆ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမား ကာရစ်အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ က ဘာတန်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ မန်ယူအသင်းအတွက် ကစားပေးနိုင်ခြင်း မရှိတော့တာလည်း ဖြစ်ပါတယ်။

 

“ကျွန်တော်ပွဲချိန်ဒုတိယပိုင်းမှာ နှလုံး ဝေဒနာခံစားလာခဲ့ရပါတယ်။အခုတော့ ပြန်လည်ကျန်းမာလာပြီး ထရိန်နင် ပြန်ဆင်းနေနိုင်ပါပြီ။ကျွန်တော့်ကိုစိုးရိမ်ပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ကြံ့ခိုင်မှု အကောင်းဆုံး အနေအထား ပြန်လည်ဖြစ်အောင် လုပ်ဆောင်နေပါတယ်” လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

ကာရစ်မှာ မန်ယူအသင်းကို ၂၀၀၆ ခုနှစ်က စပါးအသင်းကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ဖလား ၅ ကြိမ်အပါအ၀င် ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ယူရိုပါလိဂ်ဖလား တစ်ကြိမ်နဲ့ ကမ္ဘာ့ကလပ်ဖလား တို့ကို ဆွတ်ခူးထားနိုင်ပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD