မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာအနေနဲ့ ယနေ့ ည မြန်မာစံတော်ချိန် ၉ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကစားမယ့် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

play

 

အကြောင်းရင်းမှာ လော်ရီဟိုတယ်ကို ခေါ်ဆောင်လာတဲ့ မန်ယူအသင်းလူစာရင်းမှာ ပေါ့ဘာ ပါဝင်လာခြင်း မရှိတာ လည်း ဖြစ်ပါတယ်။

play

 

အဆိုပါ ပြင်သစ်ကွင်းလယ်ကစားသမားအနေနဲ့ ဒဏ်ရာကြောင့်နားနေခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်က နယူးကာဆယ် ကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ပထမဆုံး ပြန်လည် ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း ပေါ့ဘာအနေနဲ့ယနေ့ ပွဲစဉ်လူစာရင်းမှာတော့ ထည့်သွင်းခေါ်ဆောင်လာခြင်း မခံခဲ့ရပဲ ချန်လှပ်ခံခဲ့ရ တာလည်း ဖြစ်ပါတယ်။

ယခုလို ချန်လှပ်ထားရခြင်းမှာ လာမယ့် ၇ ရက်အတွင်း မန်ယူအသင်းအနေနဲ့ ၃ ပွဲအထိ ကစားရဖို့ ရှိနေကာ ၀က်ဖို့ဒ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာကြောင့်လည်း ဖြစ်တယ်လို့ သိရပါ တယ်။

ပေါ့ဘာကို ချန်လှပ်ခဲ့ပေမယ့်လည်း မာတာနဲ့ အမ်ခီတာယန်းတို့ကိုတော့ ခေါ်ဆောင်လာခဲ့ပြီး နောက်ခံလူ လုခ်ရှောမှာတော့ ဒဏ်ရာကြောင့် လွဲချော်အုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Postby

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video