play

 

စနေနေ့ည ၁၂ နာရီမှာ နောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့ကြတဲ့ လီဗာပူးအသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက် တစ်ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

play

 

လီဗာပူးအသင်းဟာ တိုက်စစ်မှာ မိုဟာမက်ဆာလာ၊ စတားရစ်၊ ချန်ဘာလိန်တို့နဲ့ ပွဲထွက်လာခဲ့ပြီး ချယ်ဆီးအသင်းက တိုက်စစ်မှာ မိုရာတာကို အထောင်ထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းမှာ ချယ်ဆီးအသင်းက ဂိုးပေါက်ကို ခြိမ်းခြောက်ကစားနိုင်ခဲ့ပြီး လီဗာပူးအသင်းအနေနဲ့ ကစားကွက်ကို ပုံဖော်ဖို့ ကြိုးစားခဲ့ရပါတယ်။

play

 

ဒုတိယပိုင်းမှာ လီဗာပူးအသင်းက ကစားကွက် အချိတ်အဆက်မိလာခဲ့ပြီး ချယ်ဆီးအသင်းကို ဖိအားပေးကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ၆၅ မိနစ်မှာ ချန်ဘာလိန်ရဲ့ဖန်တီးပေးမှုကနေတစ်ဆင့် မိုဟာမက်ဆာလာ လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့နိုင်ပါတယ်။ မိုဟာမက်ဆာလာဟာ ယနေ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၀ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

play

 

အဖွင့်ဂိုးကို ပေးလိုက်ရတဲ့ ချယ်ဆီးအသင်းဟာ ချေပဂိုးပြန်လည်သွင်းယူနိုင်ဖို့ကြိုးစားခဲ့ပြီး လူစားလဲလှယ်မှု အများအပြားပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒရင့်ဝါတာ၊ ဘာကာရိုကို၊ ဇက်ပါကော်စတာတို့ရဲ့နေရာမှာ ဖာဘရီဂတ်စ်၊ ပက်ဒရို၊ ဝီလီယံတို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ၈၅ မိနစ်မှာ လူစားဝင်လာတဲ့ ဝီလီယံက ဟာဇက်ရဲ့ပေးပို့မှုကနေတစ်ဆင့် ချယ်ဆီးအသင်းအတွက် လိုအပ်နေတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ယနေ့ပွဲစဉ်မှာ တစ်ဖက်နဲ့တစ်ဖက် ၁ ဂိုးစီသရေကျခဲ့ကြပြီး ချယ်ဆီးအသင်းက ၂၆ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး လီဗာပူးအသင်းက ၂၃ မှတ်နဲ့ အဆင့် ၅ နေရာမှာ ယာယီရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video