play

 

စနေနေ့ည ၁၂ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လီဗာပူးအသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

play

 

လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို ၆၅ မိနစ်မှာ မိုဟာမက်ဆာလာက သွင်းယူပေးခဲ့ပြီး ဂိုးသွင်းယူအပြီး အောင်ပွဲခံဖို့ ငြင်းဆန်ခဲ့ပါတယ်။ မိုဟာမက်ဆာလာဟာ အသင်းဟောင်းဖြစ်တဲ့ ချယ်ဆီးအသင်းအပေါ်မှာ လေးစားမှုပြသခဲ့တာလို့ အများစုကယူဆခဲ့ကြပြီး အချို့ကလည်း မိုဟာမက်ဆာလာရဲ့မိခင်နိုင်ငံမှာ အကြမ်းဖက်သမားတွေရဲ့လက်ချက်ကြောင့် လူပေါင်း ၃၀၀ ကျော် သေကြေခဲ့ရတဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဝမ်းနည်းကြောင်း ပြသခဲ့တာလို့ ယူဆနေပါတယ်။

play

 

မိုဟာမက်ဆာလာဟာ ၂၀၁၄ ခုနှစ်မှာ ဘေဆယ်အသင်းကနေ ချယ်ဆီးအသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ချယ်ဆီးအသင်းမှာ နေရာပေးခြင်းမခံခဲ့ရဘဲ ၂၀၁၅ ခုနှစ်မှာ ဖီအိုရင်တီးနားကို ကာလတိုအငှားချခြင်းခံခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ် နွေရာသီမှာ ရိုးမားအသင်းကို အငှားထပ်မံ အချခံခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်ဘောလုံးရာသီမှာတော့ မိုဟာမက်ဆာလာရဲ့ခြေစွမ်းကို နှစ်သက်တဲ့ရိုးမားအသင်းက အပြီးသတ်ခေါ်ယူခဲ့ပါတယ်။

play

 

မိုဟာမက်ဆာလာဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ချယ်ဆီးအသင်းမှာ ၁၃ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ချယ်ဆီးအသင်းအနေနဲ့ ထိပ်တန်းကစားသမားတွေကို အမြဲတစေဆုံးရှုံးလေ့ရှိခဲ့ပြီး မန်ချက်စတာစီးတီးအသင်းရဲ့ကွင်းလယ် ကြယ်ပွင့်ကစားသမား ဒီဘရိုင်းကိုလည်း သာမန်ခြေစွမ်းလောက်သာရှိတယ်လို့ ယူဆပြီး ၂၀၁၄ ခုနှစ်က ဝုဖ်ဘတ်အသင်းကို ရောင်းချခဲ့ပါတယ်။

Source & Photos: The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video