play

 

ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီဟာ လီဗာပူးအသင်းအနေနဲ့ ကံကောင်းလို့ မိမိတို့အသင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ သရေရလဒ်ရရှိခဲ့တာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

play

 

လီဗာပူးအသင်းဟာ အိမ်ကွင်းအန်းဖီးမှာ ချယ်ဆီးအသင်းရဲ့ ဖိအားပေးကစားခြင်းကို ခံခဲ့ရပြီး ဒုတိယပိုင်း ၆၅ မိနစ်မှာ မိုဟာမက်ဆာလာရဲ့ သွင်းဂိုးနဲ့ အဖွင့်ဂိုး စတင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း ၈၃ မိနစ်မှာ ဇက်ပါကော်စတာကိုထုတ်ပြီး ဝီလီယံကို နည်းပြကွန်တီက ဝင်ရောက်ကစားစေခဲ့ပြီး ၂ မိနစ်အကြာ ၈၅ မိနစ်မှာ ဝီလီယံက ချယ်ဆီးအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့နိုင်တာဖြစ်ပါတယ်။

play

 

ချယ်ဆီးအသင်းရဲ့နည်းပြကွန်တီဟာ မိမိတို့အသင်းအနေနဲ့ ပထမပိုင်းမှာကတည်းက ဂိုးတွေသွင်းယူနိုင်ခဲ့သင့်တယ်လို့ ပြောကြားခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့တဲ့အချိန်ဟာ နောက်ကျလွန်းတယ်လို့ ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ဒီပွဲစဉ်တစ်လျှောက်လုံး လွှမ်းမိုးထားနိုင်ခဲ့ပြီး အခွင့်အရေးတွေ ပိုဖန်တီးနိုင်ခဲ့ပါတယ်"

"လီဗာပူးအသင်းကတော့ ဂိုးလည်းသွင်းယူနိုင်ပြီး ကျွန်တော်တို့အသင်းနဲ့ သရေရလဒ်ရရှိခဲ့တယ်ဆိုတော့ ကံကောင်းတယ်လို့ ပြောရမှာပေါ့"

"ဒုတိယပိုင်း ပြန်စပြီးတဲ့အချိန်မှာ လီဗာပူးအသင်းရဲ့ဂိုးကို ခွင့်ပြုခဲ့ရတာ ကံဆိုးလွန်းပါတယ်"

"ဒါပေမယ့် ကျွန်တော့်အသင်းသားတွေရဲ့ တုန့်ပြန်မှုကို မြင်ရတော့ ကျွန်တော် ဝမ်းသာမိပါတယ်။ သူတို့ဟာ ဒီလိုဆိုးရွားတဲ့ရလဒ်ကို လက်မခံဘဲ ပြန်ပြီးတိုက်ပွဲဝင်ခဲ့ကြပါတယ်"

"ဒီပွဲမှာ အနိုင်ရရှိအောင် ကျွန်တော်တို့အားလုံး ကြိုးစားခဲ့ကြပါတယ်။ လီဗာပူးအသင်းအတွက်ကတော့ ဂိုးသွင်းဖို့ ဖန်တီးမှုပြုလုပ်ရတာ အရမ်းကို ခက်ခဲတယ်လို့ထင်ပါတယ်"

"သူတို့အသင်း ကံကောင်းနေတာကြောင့် ကျွန်တော်တို့ အဖွင့်ဂိုးကို ပေးခဲ့ရပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ ပွဲပြီးဆုံးချိန် ရလဒ်ထက် ပိုပြီးတော့ ထိုက်တန်တယ်လို့ ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video