AD
AD
AD

မန်စီးတီးအသင်း တိုက်စစ်မှူး နှစ်ဦးဖြစ်တဲ့ အဂူရိုနဲ့ ဂျီးဆပ် အတူတွဲကစားတာကို မြင်တွေ့ရမယ်လို့ နည်းပြဂွါဒီယိုလာက စူပါဆန်းဒေးပွဲစဉ်မတိုင်ခင် ပြောကြားလိုက်ပါတယ်။

တိုက်စစ်မှူးနှစ်ဦးလုံးက အသင်းရဲ့ နံပတ်-၁တိုက်စစ်မှူးနေရာကို ရယူဖို့ ကြိုးစားတိုက်ပွဲ ဝင်နေရသူတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီတိုက်စစ်မှူး နှစ်ဦးကြားထဲမှာ ရှိတဲ့ ဆက်ဆံရေးကို ဂွါဒီယိုလာက ကျေနပ်လျက်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က လက်စတာအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ ဂျီးဆပ်က အသင်းအတွက် ဒီရာသီ သူ့အတွက် ၁၀ ဂိုးမြောက် ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

play

 

လက်စတာနဲ့ပွဲမှာ အဂူရိုအသင်းအတွက် မပါနိုင်ခဲ့ပေမယ့် ကြားရက်ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ပွဲထွက်ခွင့် ရခဲ့ပါတယ်။ ရာသီအစမှာ ဒီတိုက်စစ်မှူး နှစ်ဦးကို ဂွါဒီယိုလာက တစ်ပြိုင်နက်ပွဲထုတ်တာတွေ လုပ်ခဲ့ပေမယ့် စက်တင်ဘာလမှာ အဂူရို ဒဏ်ရာရပြီးနောက်ပိုင်း ဂျီးဆပ်နဲ့ အတူတွဲပြီး ပွဲမထွက်နိုင်ခဲ့တာဖြစ်ပါတယ်။

play

 

အခုတော့ ဒီတိုက်စစ်မှူးနှစ်ဦးလုံး တစ်ပြိုင်နက်ပွဲထုတ်နိုင်တဲ့ အခြေအနေ ရှိနေပြီလို့ နည်းပြ ဂွါဒီယိုလာက ဟက်ဒါဖီးလ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင် ပြောလိုက်တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဟက်ဒါဖီးလ်နဲ့ ပွဲမှာ နိုင်ပွဲရခဲ့မယ်ဆိုရင် ဒုတိယနေရာက မန်ယူအသင်းကို ၈ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေနိုင်ဦးမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD