AD
AD
AD
play

 

ယနေ့ည ၈ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘန်လေအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ တိုက်စစ်မှာ လာကာဇက်ကို အထောင်ထားပြီး ဆန်းချက်နဲ့ အိုင်ဝိုဘီတို့အတွဲနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် ကစားကွက်ကို အကဲခတ် ကစားခဲ့ကြပြီး ဂိုးကန်သွင်းခွင့်အပြန်အလှန်ရရှိခဲ့ပြီး အာဆင်နယ်အသင်းက ပိုမို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ ဘန်လေအသင်းက အိမ်ကွင်းပရိသတ်ရှေ့မှာ ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ပြီး ဂိုးကန်သွင်းခွင့်အကြိမ်ကြိမ် ရရှိခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့ဂိုးသမား ပီတာချက်က အကောင်းဆုံးလက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်း ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၂ မိနစ်သတ်မှတ်ပေးခဲ့ပြီး ၉၁ မိနစ်မှာ ဘန်လေအသင်းရဲ့နောက်ခံကစားသမား တာကော်စကီးက ပင်နယ်တီဧရိယာထဲမှာ ရမ်ဆေးကို တွန်းလှဲခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီပြစ်ဒဏ်ဘော အာဆင်နယ်အသင်းကို ကန်ခွင့်ပေးခဲ့ပြီး အလက်ဆစ်ဆန်းချက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပြီး အာဆင်နယ်အသင်းက အဝေးကွင်းမှာ ဘန်လေအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD