AD
AD
AD
play

 

တနင်္ဂနွေနေ့ည ၁၀ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဟက်ဒါစ်ဖီးအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ တိုက်စစ်မှာ စတားလင်း၊ အဂူရို၊ ဆာနေးတို့နဲ့ပွဲထွက်လာခဲ့ပြီး ပထမပိုင်းမှာ ထိရောက်တဲ့တိုက်စစ်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ ဟက်ဒါစ်ဖီးအသင်းရဲ့ဖိအားပေးတိုက်စစ်ဆင်မှုကို ကာကွယ်ခဲ့ရပါတယ်။ ပထမပိုင်းပြီးဆုံးခါနီး ၄၆ မိနစ်မှာ ဟက်ဒါစ်ဖီးအသင်းက ထောင့်ကန်ဘောကန်ခွင့်ရခဲ့ပြီး ကန်တင်လိုက်တဲ့ဘောလုံးကို အိုတာမန်ဒီ ဖျက်ထုတ်ဖို့ ကြိုးပမ်းခဲ့ရာမှာ ထိချက်လွဲခဲ့ပြီး ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာတော့ မန်ချက်စတာစီးတီးအသင်းဟာ ချေပဂိုးပြန်လည်ရရှိဖို့ကြိုးပမ်းခဲ့ပြီး ၄၇ မိနစ်မှာ စတားလင်းကို ဟက်ဒါစ်ဖီးအသင်းရဲ့နောက်ခံကစားသမား မာလိုနီက ပင်နယ်တီဧရိယာထဲမှာ ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က မန်ချက်စတာစီးတီးအသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပြီး အဂူရိုက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး မန်ချက်စတာစီးတီးအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့နိုင်ပါတယ်။

play

 

ချေပဂိုး ပေးခဲ့ရတဲ့ ဟက်ဒါစ်ဖီးအသင်းဟာ ဦးဆောင်ဂိုး ထပ်မံရရှိဖို့ ကြိုးစားခဲ့ပေမယ့် မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ကို မကျော်ဖြတ်နိုင်ခဲ့ဘဲ ကွင်းလယ်မှာ ဘောလုံးအပျက်များနေခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ဟက်ဒါစ်ဖီးအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ၈၄ မိနစ်မှာ ဂက်ဘရီရယ်ဂျီးဆပ် ကန်သွင်းလိုက်တဲ့ ဘောလုံးကို ဟက်ဒါစ်ဖီးအသင်းရဲ့ဂိုးသမား ပုတ်ထုတ်လိုက်တဲ့ဘောလုံးဟာ စတားလင်းရဲ့ပေါင်နဲ့ ထိမိခဲ့ပြီး ဂိုးပေါက်ထဲကို ဝင်သွားခဲ့တဲ့အတွက် မန်ချက်စတာစီးတီးအသင်းက ဒုတိယမြောက်ဦးဆောင်ဂိုးကို ရရှိခဲ့ပါတယ်။ ဟက်ဒါစ်ဖီးအသင်းဟာ ကျန်ရှိနေတဲ့ အချိန်မှာ မန်ချက်စတာစီးတီးအသင်းကို ချေပဂိုး သွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပြီး ၉၆ မိနစ်မှာ ဟက်ဒါစ်ဖီးအသင်းရဲ့တောင်ပံကစားသမား ရာဂျိဗန်လာပါရာ ဆာနေးကို ဥပဒေပ တွန်းထိုးခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပြီး ဆာနေးကို အဝါကတ်ပြ သတိပေးခဲ့ပါတယ်။ ဟက်ဒါစ်ဖီးအသင်းဟာ ချေပဂိုး ထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် မန်ချက်စတာစီးတီးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် မန်ချက်စတာစီးတီးအသင်းဟာ ဇယားထိပ်ဆုံးမှာ ဒုတိယနေရာက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၈ မှတ်အကွာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD