AD
AD
AD

ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ အဲဗာတန်အသင်းရဲ့ နည်းပြ အပ်ဝေါ့က အသင်းကို အချိန်မီ ပြုပြင်ပြောင်းလဲမှု တွေအလျင်အမြန်လုပ်မှ ရတော့မယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။

play

 

အဲဗာတန် မန်နေဂျာ ဒေးဗစ် အပ်ဝေါ့က-“ အလျင်အမြန်ပြုပြင်ပြောင်းလဲရမယ့်အရာတွေ ရှိနေပါပြီ။ကျွန်တော့်မှာ တာဝန်အပြည့်အရှိပါတယ်။ဒါပေမယ့် အားလုံးကလည်း နားလည်ဖို့ လိုပါတယ်။အခု ကျွန်တော်တို့ သတိကြီးရမယ့် နေရာကိုရောက်နေပါပြီ။ဒါကြောင့် ပြုပြင်ပြောင်းလဲမှုတွေကတော့ အလျင်အမြန်ကို လုပ်ဆောင်မှ ရပါတော့မယ်။” လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်ခဲ့မှုမှာ အဲဗာတန်အသင်းအတွက် နှစ်ပွဲဆက် ဂိုးပြတ်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပြီး ယခုနှစ်ရာသီ ပရီးမီး ယားလိဂ် ၇ ပွဲမြောက်အရှုံးလည်း ဖြစ်ပါတယ်။

 

“ခြေစွမ်းပိုင်းကတော့ လက်မခံနိုင်စရပါပဲ။ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း မရှိကြပါဘူး။ကစားသမားတွေအနေနဲ့ လည်း ကိုယ်တိုင် အဖြေရှာကြဖို့ လိုအပ်နေပါပြီ။” လို့ အပ်ဝေါ့ က ထပ်လောင်း ပြောခဲ့ပါတယ်။

အဲဗာတန်အသင်းမှာ ယခုပွဲအရှုံးကြောင့် ၁၃ ပွဲကစား ရမှတ် ၁၂ မှတ်သာရရှိထားပြီး အဆင့် ၁၆ နေရာထိ ဆင်းသက်ရောက်ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။

Postby

 

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD