AD
AD
AD

မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဟတ်ဒါဖီးလ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်းက အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

အဆိုပါပွဲအနိုင်ရရှိခဲ့ပြီးနောက် မန်စီးတီးအသင်းဟာ ၁၃ ပွဲကစား ၁၂ ပွဲနိုင် ၁ ပွဲသရေကျကာ ရမှတ် ၃၇ မှတ်ထိ ရယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

play

 

ဒါ့အပြင် ပရီးမီးယားလိဂ်မှာ ၁၃ ပွဲကစားပြီးချိန်ထိ ရမှတ် ၃၇ မှတ် နဲ့ အမှတ်အများဆုံး ရယူနိုင်တဲ့သမိုင်းတစ်လျှောက် တစ်သင်းတည်းသော အသင်းလည်း ဖြစ်လာခဲ့ပါတယ်။

 

ယခုစံချိန်မှာ မန်စီးတီးအသင်းအနေနဲ့ ၂၀၁၁-၁၂ ခုနှစ်က နည်းပြ မန်ချီနီကိုင်တွယ်စဉ်က ၁၃ ပွဲကစားအပြီး ၃၅ မှတ် ရရှိခဲ့တဲ့ စံချိန်ကောင်းကို ကျော်ဖြတ်ကာ ထပ်မံ ရပ်တည်နိုင်ခဲ့ပြန်တာလည်း ဖြစ်ပါတယ်။

ထူးခြားချက်တစ်ချက်အနေနဲ့ အဆိုပါ ၂၀၁၁-၁၂ ခုနှစ်မှာ မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် ယခုနှစ်မှာလည်း ထပ်မံ ဆွတ်ခူးနိုင်အုံးမလား ဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့် ရတော့မှာ ဖြစ်ပါတယ်။

Postby

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD