AD
AD
AD

ဘန်လေအသင်းကို အဝေးကွင်းမှာ ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ပါဝင်လာခြင်း မရှိခဲ့တဲ့ အာဆင်နယ် ကစားသမား မီဆွတ်အိုလ်ဇေးအနေနဲ့ လာမယ့်တစ်ပတ် ကြားရက်မှာ ယှဉ်ပြိုင်ကစားရမယ့် ဟတ်ဒါဖီးလ်အသင်းနဲ့ ပွဲမှာ ပြန်လည် ပါဝင်လာဖို့ ရှိတယ်လို့ သိရပါတယ်။

play

 

ဘန်လေနဲ့ပွဲမှာ အိုလ်ဇေးမပါဝင်နိုင်ခဲ့ခြင်းအပေါ် -“ သူရဲ့ ကိုယ်ပိုင် ဆရာဝန်က ကျွန်တော့်ကိုပြောပါတယ်။သူအိမ်ကို  ပြန်ဖို့ လိုနေတယ်တဲ့။သူကျွန်တော်တို့နဲ့အတူ ဟိုတယ်မှာ အတူရှိနေတာပါ။ အကျိုးအကြောင်းကတော့ သေချာမသိပါဘူး။” လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

 

ဒါပေမယ့်လည်း ၀င်းဂါးက-“ အိုလ်ဇေးအခု အဆင်သင့်ပြန်ဖြစ်နပြီလို့ ပြောပါတယ်။ဒါကြောင့်ဟတ်ဒါဖီးလ်နဲ့ပွဲမှာ ပြန်လည် ပါဝင်လာဖို့ ရှိမှာပါ။” လို့ ထပ်လောင်းပြောခဲ့ပါတယ်။

အိုလ်ဇေးမှာ အာဆင်နယ်အသင်းက စပါးအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တာကြောင့် ကစားရ ခက်တဲ့ ဘန်လေနဲ့ ပွဲမှာ ပါဝင်လာဖို့ မျှော်လင့်ခဲ့ပေမယ့် ပါဝင်လာခဲ့ခြင်း မရှိခဲ့တဲ့ အပေါ် ပရိသတ်တွေက မေးခွန်းထုတ်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဘန်လေအသင်းကို အနိုင်ရခဲ့တာကြောင့် အဆင့် ၄ နေရာသို့ တက်လှမ်းရပ်တည်ထား နိုင်ကာ လာမယ့် ကြားရက် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဟတ်ဒါဖီးအသင်းကို အိမ်ကွင်းမှာ ဆက်လက်ဧည့်ခံကစားမှာ ဖြစ်ပါတယ်။

Postby

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD