ဘရိုက်တန်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ပြိုင်ဘက်နောက်ခံလူကို ခြေထောက်နဲ့ ကန်ခဲ့တာကြောင့် မန်ယူ  တိုက်စစ်မှူး လူကာကူအနေနဲ့ (၃)ပွဲပယ် ပြစ်ဒဏ် ကျခံရဖို့ ရှိနေပါတယ်။

play

 

အဆိုပါ ဖြစ်ရပ်ကို ပွဲအပြီး ဗီဒီယို ရုပ်သံဖြင့် ပြန်လည်ကြည့်ရှုရာမှ သိရှိခဲ့တာ ဖြစ်ပြီး လူကာကူအနေနဲ့ သူရဲ့ ညာခြေထောက်နဲ့ နောက်ပြန်အနေအထားမှာ ကန်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အဆိုပါ ဖြစ်ရပ်အတွက် FAက ရုပ်သံကြည့်ရှုမှုများကို ကြိမ်ဖန်များစွာ ပြုလုပ်မည်ဖြစ်ကာ ကွင်းလယ်ဒိုင်ရဲ့ တင်ပြမှုကိုလည်း ပြန်လည်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

play

 

ယင်းဖြစ်ရပ်ကို ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါက မန်ယူတိုက်စစ်မှူး လူကာကူအနေနဲ့ လာမယ့် ကစားဖို့ရှိနေတဲ့ အာဆင်နယ် အသင်းနဲ့ အဝေးကွင်းပွဲစဉ်အပါအ၀င် ၊မန်စီးတီးအသင်းနဲ့ မန်ချက်စတာ ဒါဘီပွဲကို ပါ လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

 

ယခုလို ဖြစ်စဉ်မျိုး လူကာကူအနေနဲ့ လီဗာပူးနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲမှာ နောက်ခံလူ လော်ဗရန်ကိုပြုမူခဲ့ဖူးပြီး ပြစ်ဒဏ်တော့ ချမှတ်ခြင်း မခံခဲ့ရပေ။

လူကာကူ ပြစ်ဒဏ်ချမှတ်ခံရပါက မန်ယူအသင်းအတွက် နစ်နာမှု တစ်ခုဖြစ်စေဖို့ ရှိနေပြီး ၎င်းနေရာမှာ အစားထိုးဖို့ ၀ါရင့်တိုက်စစ်မှူး အီဗရာမိုဗစ်ကလည်း ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်နေပြီ ဖြစ်ပါတယ်။

Postby

 

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video