အာဆင်နယ်အသင်းရဲ့ ဘုတ်အဖွဲ့ဟာ အသင်းရဲ့ အဓိက ကစားသမားများ ဖြစ်တဲ့ ဆန်းချက်၊အိုလ်ဇေးနဲ့ ၀ီးလ်ရှိုင်းယား တို့ကို လာမယ့်ဇန်န၀ါရီဈေးကွက်မှာ ရောင်းထုတ်တော့မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

play

 

အဆိုပါ ကစားသမား ၃ ဦးအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း အနည်းငယ်စီသာ ကျန်ရှိတော့တာ ဖြစ်ပြီး အာဆင်နယ်အသင်းကလည်း အလွတ်ပြောင်းရွှေ့ခွင့်မပြုရရေး လာမယ့်ဇန်န၀ါရီမှာ ရောင်းချနိုင်ဖို့ ပြင်ဆင်တာလည်း ဖြစ်ပါတယ်။

play

 

မူလက အဆိုပါ ကစားသမားတွေကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ဖြစ်ခဲ့ပြီးနောက် အခုလို ရောင်းချဖို့ လုပ်ဆောင်ရခြင်းလည်း ဖြစ်ပါတယ်။

play

 

ယခုလို မရောင်းချနိုင်ပါက ရာသီကုန်မှာ ၃ ယောက်စလုံးကို အလွတ်ပြောင်းရွှေ့ခွင့်ပြုရမှာလည်း ဖြစ်ပါတယ်။

 

လက်ရှိမှာတော့ တိုက်စစ်မှူး ဆန်းချက်အနေနဲ့ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ ဆက်သွယ်ထားပြီး ဘိုင်ယန်၊ပီအက်ဂျီနဲ့ ချဲလ်ဆီးအသင်းတို့ကလည်း အလိုရှိနေတာ ဖြစ်ပါတယ်။

မန်ယူအသင်းကတော့ အိုလ်ဇေးကို အလိုရှိနေတာ ဖြစ်ပြီး ၀ီးလ်ရှိုင်းယားကတော့ မနှစ်က အငှားသွားကစားခဲ့တဲ့ ဘုန်းမောက်အသင်းကို ပြောင်းရွှေ့သွားဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေ တာ ဖြစ်ပါတယ်။

၎င်းတို့ (၃) ဦးကို မရောင်းချနိုင်ပါက အာဆင်နယ်အသင်းအနေနဲ့ ယခုနှစ် အပြောင်းအရွှေ့ရာသီမှာ ပေါင် သန်း ၁၀၀ အထိ ဆုံးရှုံးရတော့မှာဖြစ်သလို ၃ ဦးစလုံး အသင်းပြောင်းဖြစ်ဖို့ ရှိနေတယ်လို့လည်း သတင်းတွေက ဖော် ပြနေကြပါပြီ။

Postby

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video