AD
AD
AD

မန်ယူအသင်းနည်းပြ မော်ရင်ဟိုအနေနဲ့ မနက်ဖြန် နံနက် မြန်မာစံတော်ချိန် ၂ နာရီ ခွဲအချိန်မှာ ယှဉ်ပြိုင်ကစားမယ့် ၀က်ဖို့ဒ် အသင်းနဲ့ပွဲအတွက် အဓိက ကစားသမားအချို့ကို အနားပေး ချန်လှပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

အဆိုပါ ကစားသမားတွေကတော့ နောက်ခံလူ လုခ်ရှော၊ကွင်းလယ်လူ ဖယ်လိုင်နီနဲ့ တိုက်စစ်မှူး အမ်ခီတာယန်းတို့ပဲ ဖြစ်ပါတယ်။

play

 

မော်ရင်ဟိုအနေနဲ့ အခြားကစားသမားများဖြစ်တဲ့ ဘလင်း၊လင်ဂတ်နဲ့ ဒါမီယန်းတို့ကို အသင်းလူစာရင်းမှာ ဖြည့်စွက်ခေါ်ဆောင်လာခဲ့တယ်လို့လည်း သိရပါတယ်။

 

ချန်လှပ်ခံခဲ့ရတဲ့ ဖယ်လိုင်နီနဲ့ အမ်ခီတာယန်းတို့မှာ ပြီးခဲ့တဲ့ ဘရိုက်တန်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပါဝင်ခဲ့သူ တွေ ဖြစ်ပေမယ့် နောက်ခံလူ လုခ်ရှောအနေနဲ့တော့ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ယခုနှစ်ရာသီမှာ မရှိသေးတာလည်း ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ညနေပိုင်းသတင်းမှာတော့ လုခ်ရှောနဲ့ အမ်ခီတာယန်းတို့မှာ တနင်္လာနေ့ လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ခဲ့တာကို မှတ်တမ်းတင်ဓာတ်ပုံများမှာ ဖော်ပြခဲ့ပေမယ့်လည်း ၀က်ဖို့ဒ်ကို သွားရောက်တဲ့ ခရီးစဉ်မှာတော့ ပါဝင်လာခြင်း မရှိခဲ့တာကိုလည်း တွေ့ရပါတယ်။

Postby

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD