AD
AD
AD

အာဆင်နယ်အသင်းရဲ့ မန်နေဂျာ အာစင်ဝင်းဂါးက လာမယ့်ဇန်န၀ါရီအပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ ဆန်းချက်နဲ့ အိုလ်ဇေးတို့ကို အသင်းမှ ထွက်ခွာမသွားဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

play

 

အဆိုပါ ကစားသမားနှစ်ယောက်စလုံးမှာ ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်သလို လက်ရှိ အချိန်ထိလည်း အသင်းအနေနဲ့ စာချုပ်သက်တမ်း မတိုးနိုင်သေးတာကြောင့် ဇန်န၀ါရီမှာ မရောင်းထုတ်နိုင် ပါက ရာသီအကုန်မှာ အလွတ်ထွက်ခွာခွင့်ပြုရတော့မှာလည်း ဖြစ်ပါတယ်။

 

ကစားသမားနှစ်ယောက်ထွက်ခွာတော့မယ့် ကိစ္စကို အာစင်ဝင်းဂါးကို မေးမြန်းခဲ့ရာမှာတော့-“ သူတို့ဆက်နေဖို့ ဖြစ်နိုင်သေးရင် နေစေချင်တာပေါ့။” လို့ ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင်-“သူတို့ ဒီမှာ ဆက်ရှိနေဖို့ ကျွန်တော် တိုက်ပွဲဝင်သွားမှာပါ။ဘာလို့လဲဆိုတော့ သူတို့က အရည်အချင်းမြင့်မားတဲ့ ကစားသမားတွေဖြစ်နေလို့ပါ။” လို့ ဆက်လက်ပြောခဲ့ပါတယ်။

ဒါ့အပြင် အင်္ဂလန်ကွင်းလယ်လူ ဂျက်ဝီးလ်ရှိုင်းယားရဲ့ အပြောင်းအရွှေ့နဲ့ ပက်သက်ပြီးတော့လည်း အသင်းမှာ ဆက်ရှိနေစေချင်တဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ကစားသမားတစ်ယောက်ပါပဲ လို့လည်း အာစင်ဝင်းဂါးက ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ယခုနှစ်ရာသီမှာ ကစားသမားအ၀ယ်အဖြစ် လိုင်ယွန်အသင်းမှ တိုက်စစ်မှူး လာကာဇက်တီတစ်ဦးတည်းကိုသာ ၀ယ်ယူထားရပြီး နောက်ခံလူ ကိုလာစီနက်မှာရှော်လ်ကေးအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်တာလည်း ဖြစ်ပါတယ်။

လာမယ့်ဇန်န၀ါရီမှာ ဆန်းချက်အနေနဲ့ မန်စီးတီးကိုလည်းကောင်း၊အိုလ်ဇေးအနေနဲ့ မန်ယူကိုလည်းကောင်း အသီးသီးထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD